မြန်မာပြည်ဗုဒ္ဓဘာသာပုညကုသလအသင်းကြီးက အကြိမ် (၁၀၀) မြောက် ပိဋကတ်တော်လှူဒါန်းပူဇော်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၁၈


မြန်မာပြည် ဗုဒ္ဓဘာသာပုညကုသလ အသင်းကြီး (BBMA)၏ အကြိမ် (၁၀၀) မြောက် ပိဋကတ်တော်လှူဒါန်း  ပူဇော်ပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း မင်းကွန်းတိပိဋက နိကာယကျောင်းတော်၌ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည်။

 


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း  အမှူးပြု သော ဧည့်ပရိသတ်များက ဩဝါဒါ စရိယဆရာတော်   တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ (ရေစကြို)ဆရာတော်ထံမှ သီလခံယူဆောက် တည်ကြပြီး အကြိမ် (၁၀၀) မြောက် ပိဋကတ်တော်ပူဇော်ပွဲနှင့် ပတ်သက် ၍   အဂ္ဂမဟာသီရိသုဓမ္မ    မဏိ ဇောတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဦးကျော်ခင်မြင့်   (မောင်ရင့်ကျူး-မြောင်းမြ)က လျှောက်ထား တင်ပြ သည်။

 


ဆက်လက်၍ အသင်းကြီး၏ ဩဝါဒါစရိယ တိပိဋကဓရ တိပိဋက ကောဝိဒ     ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများအား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊တိုင်းဒေသကြီး   ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ အသင်းကြီးမှ တာဝန်ရှိသူများ၊   အလှူရှင်များ က    သင်္ကန်းနှင့်    လှူဖွယ်ပစ္စည်း များ    ဆက်ကပ်  လှူဒါန်းကြ သည်။

 


ယင်းနောက် ဩဝါဒါစရိယ တိပိဋကဓရ   တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက  ဆရာတော်ကြီး ၁၆ ပါး၊   စာအောင်သံဃာတော် ၇၉ ပါးနှင့်   စာအောင်သီလရှင် ငါးပါး စုစုပေါင်း အပါး ၁၀၀ တို့အား ပိဋကတ်တော်ကျမ်းစာအုပ်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ကုသိုလ်အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြောင်း သိရသည်။ 


အာကာလင်း