မြန်မာပို့ကုန်လုပ်ငန်းရှင်များ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်‌ရေး အသိပေးနှိုးဆော်ချက်

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC) မှ ထုတ်ပြန် ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံ သည် GACC တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက်  ကုန်များကိုသာ (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ တရား၀င်တင်သွင်းခွင့် ပြုမည်ဖြစ်ပါသည်။

 

 
တရုတ်နိုင်ငံသို့    စားသောက်ကုန်၊   လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော/တင်ပို့လိုသော မြန်မာ နိုင်ငံမှ   ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်   ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ(GACC)တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်း အဖွဲ့များမှတစ်ဆင့်လည်းကောင်း၊    ကုမ္ပဏီများမှ    တိုက်ရိုက် လည်းကောင်း ကုန်စည်အုပ်စုအလိုက် ဆက်သွယ်လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Authority) များမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိပါသည်။

 

 
အဆိုပါ လုပ်ငန်းများမှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် (၃၁-၁၂-၂၀၂၁) ရက်နေ့    နောက်ဆုံးထား၍    မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန်ကျန်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ မှတ်ပုံတင်နိုင်ရေးအတွက်   ကုန်ပစ္စည်းအမျိုးအစားအလိုက် အောက် ဖော်ပြပါဇယားအတိုင်း သက်ဆိုင်ရာ (Competent Authority) များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
စိုက်ပျိုးရေးဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်ပေးရန်လိုအပ်သော ကုန်စည်အမျိုးအစား ၅၂ မျိုး စာရင်း အား အသေးစိတ်သိရှိလိုပါက https://mitc.myantrade.gov.mm တွင် ၀င်ရောက်လေ့လာနိုင်ကြောင်း အသိပေးအပ်ပါသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အစားအသောက်တင်ပို့သည့်လုပ်ငန်းများ
                      မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့