မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများရေးဆွဲရေးလုပ်ငန်းစတင်ခြင်း အခမ်းအနားကျင်းပ

 

 

နေပြည်တော် ဇန်နဝါရီ ၃၀

 

မြန်မာနိုင်ငံ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေသင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်း စတင် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာ နိုင်ငံ တက္ကသိုလ်များအတွက် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဥပဒေ သင်ရိုး ညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်း စတင်ခြင်း အခမ်းအနား ကျင်းပသည့် ယနေ့သည် တက္ကသိုလ်များအားလုံး အတွက် အရေးပါသောနေ့ တစ်နေ့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် လူမှု စီးပွားရေးလုပ်ငန်းများကို အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေး နိုင်မှု (EQ)နှင့် ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိစေမည့် အဆင့်မြင့်ပညာသင်ရိုး ညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် အရေးကြီးပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်ရေး၊ လူသားအရင်းအမြစ်နှင့် ကျွမ်းကျင်မှု တိုးတက်မြင့်မားရေးတို့ကို ဦးတည် သည့် သင်ရိုးညွှန်းတမ်းများကို လက်တွေ့အကျိုးရှိ ထိရောက်စေရန် ပြင်ဆင်ရေးဆွဲ သင်ကြားသင်ယူကြ ရမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေသည် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ဥပဒေပညာဘွဲ့နှင့် ဥပဒေပညာ မဟာဘွဲ့သင်တန်းများ၌ ပင်မဘာသာရပ်တစ်ခု ဖြစ်ပါကြောင်း။

ဘွဲ့သင်တန်းများ၌ လိုအပ် သည့် အဖွဲ့အစည်းများ၏ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ပေးသော အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်(ADB)ကို ကျေးဇူး တင်ရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်း များ ရေးဆွဲသင်ကြား သင်ယူရေး အတွက် ပံ့ပိုးဆောင်ရွက်ပေးသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှ မောင်သိန်းနှင့် တာဝန်ရှိသူများ၊ အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဥပဒေ မူဝါဒ ပြုပြင်ပြောင်းလဲရေး အကြံပေး အရာရှိ Ms. Christina Pak အား လည်းကောင်း၊ စီမံကိန်း စတင် ဆောင်ရွက်နိုင်ရန် အားထုတ်ပေး သည့် Climate Change ပညာရှင် Mr. Matthew Baird နှင့် ညှိနှိုင်းရေးမှူး ဒေါ်ခင်သန္တာအား လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းရေးဆွဲရေး လုပ်ငန်း အဖွဲ့မှ ပါမောက္ခများနှင့် ကထိကများ အား လည်းကောင်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ကမ္ဘာ့လူသားကောင်းများ ဖြစ်ထွန်းလာစေရေး ဦးတည်သည့် သင်ရိုးညွှန်းတမ်းများကို မိမိတို့ စွမ်းဆောင်ရည်များအား အကောင်း ဆုံးအသုံးချ၍ ညှိနှိုင်းတိုင်ပင်ရေးသား ပြုစုပေးကြပါရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးလှမောင်သိန်းက ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေ ဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များ အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ သင်ရိုးညွှန်းတမ်းများ ရေးဆွဲ ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးသည်။ ထို့နောက် အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ Ms. Christina Pak က ဆွေးနွေးပြောကြားကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ လေ့လာဆန်းစစ် အကဲ ဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြား ရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ဥပဒေမူဝါဒ ပြုပြင်ပြောင်းလဲရေး အကြံပေးအရာရှိ Ms. Christina Pak နှင့် အဖွဲ့ဝင် များ၊ ရာသီဥတုပြောင်းလဲမှုပညာရှင် Mr. Matthew Baird နှင့် ပညာရှင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်