မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ အိန္ဒိယသံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ အိန္ဒိယရူပီး/ မြန်မာကျပ်ငွေတို့ဖြင့် တိုက်ရိုက်ငွေပေးချေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်  ဇူလိုင်  ၂၁


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာ နိုင်ငံဆိုင်ရာ       အိန္ဒိယနိုင်ငံ သံအမတ်ကြီး       မစ္စတာဗီနေး ကူးမား  ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို     နေပြည်တော်ရှိ မြန်မာနိုင်ငံတော်    ဗဟိုဘဏ်၌ ယနေ့နံနက်     ၁၀   နာရီခွဲတွင် လက်ခံတွေ့ဆုံသည်။ 


တွေ့ဆုံစဉ်        နှစ်နိုင်ငံ ကုန်သွယ်ရေးတွင်     အိန္ဒိယရူပီး/ မြန်မာကျပ်ငွေတို့ဖြင့် တိုက်ရိုက် ငွေပေးချေရေးဆိုင်ရာ     ကိစ္စရပ် များနှင့်စပ်လျဉ်း၍           Punjub National   Bank   တွင်   ဖွင့်လှစ် ထားရှိမည့်    မြန်မာဘဏ်များ၏ ငွေစာရင်းတွင်       မည်သည့် နည်းလမ်းဖြင့်မဆို    ရရှိသည့် အိန္ဒိယရူပီးကို      ထည့်သွင်းခွင့်ပြု ရန်၊ နှစ်ဦးနှစ်ဖက်  သဘောတူညီ ချက် (Concept Notes) ပါ အချက် များအနက်   ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံရှိ ပြည်ပ         အလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများကို    အထူး ဖွင့်လှစ်ထားရှိမည့် ငွေစာရင်းတွင် လက်ခံထည့်သွင်းရန်၊     မြန်မာ နိုင်ငံနှင့်    အိန္ဒိယနိုင်ငံတို့အကြား ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထောက်အကူ           ပြုရန်နှင့် နည်းပညာ       အကူအညီပေးရန် စသည့်      သဘောတူညီမှုဆိုင်ရာ အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့     မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့်      ဌာန ဆိုင်ရာ အကြီးအကဲများ   တက် ရောက်ကြသည်။        

သတင်းစဉ်