မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄


မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးနည်းလမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့      မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့်    တာဝန်ရှိသူများ၊    ကုန်သွယ်မှု နှင့်   ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီ  အတွင်းရေးမှူး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဌာန ဆိုင်ရာမှ    တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ      ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်း ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  ဘဏ်များအသင်း နှင့်     ပုဂ္ဂလိကဘဏ်များမှ     တာဝန်ရှိသူများ၊    Industrial and   Commercial  Bank of China (ICBC) နှင့် Bank of China (BOC)   နိုင်ငံခြားဘဏ်ခွဲများမှ    တာဝန်ရှိသူများ၊ ပို့ကုန်/သွင်းကုန် ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကုန်သွယ်မှု နှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး            လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ သည်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 


ရှေးဦးစွာ   ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ    မှန်ကန် မြန်ဆန်စေရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊   စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး   ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   အမှာ စကားပြောကြားပြီး     မြန်မာ နိုင်ငံတော်  ဗဟိုဘဏ်  ဒုတိယ ဥက္ကဋ္ဌ   ဒေါ်သန်းသန်းဆွေက မြန်မာ- တရုတ်နယ်စပ် ကုန်သွယ် မှု   ဆောင်ရွက်ရာတွင် ယွမ်/ကျပ်    တိုက်ရိုက်အသုံးပြု  ပေးချေရေး ဆိုင်ရာ ရည်ရွယ်ချက်၊   မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်  ရရှိလာမည့်    အကျိုးကျေးဇူးများကို  အသေး စိတ်   ရှင်းလင်းဆွေးနွေးခဲ့ပြီး       မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး၊ ICBC နှင့် BOC တို့မှ တာဝန်ရှိသူများက   ဘဏ် လုပ်ငန်းဆိုင်ရာ   ဝန်ဆောင်မှု ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့  တက် ရောက်လာကြသော      ကုန်သည် လုပ်ငန်းရှင်များက      ဘဏ် လုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငွေပေးချေမှု   နည်းလမ်းများ၊    အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊   နယ်စပ်ကုန်သွယ်ရေးအတွက် ရယူရမည့်  ကုန်သွယ်မှုဆိုင်ရာ    အထောက်အထားများ၊  ဘဏ် စရိတ်နှုန်းထားများ၊   ငွေကြေး ထောက်ပံ့မှု   အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

 


ဆွေးနွေးမှုများနှင့် စပ်လျဉ်း ၍   တက်ရောက်လာကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်      ဌာနဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်     ရှင်းလင်းဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပေါင်းစပ်ညှိနှိုင်း   ဆွေးနွေး ပေးခဲ့ပြီး  နိဂုံးချုပ်အမှာစကား   ပြောကြားခဲ့ကြောင်း သိရသည်။


 သတင်းစဉ်