မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၆၉) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်   ဇူလိုင်   ၁


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၆၉) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ်   နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နံနက် ၁၀ နာရီတွင်   ကျင်းပရာ   ဗဟိုဘဏ်ဥက္ကဋ္ဌ  ဦးသန်းညိန်းနှင့် ဇနီး ဒေါ်ခင်သွယ်သွယ်မြင့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်း များနှင့် ဖိတ်ကြားထားသည့်  ဧည့်သည်တော်များ  တက်ရောက်ကြ သည်။


ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ သပြေအေးမိုးကုတ် ဝိပဿနာရိပ်သာကျောင်းတိုက်  ပဓာနနာယကဆရာတော်  ဘဒ္ဒန္တ ဂန္ဓမာလာထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး  ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူခြင်း၊ ဥက္ကဋ္ဌနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရား ချီးမြှင့်ခြင်း နှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   (၆၉)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုပေးပွဲကို ညနေ ၃ နာရီခွဲတွင် ကျင်းပရာ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက နှုတ်ခွန်း ဆက် အမှာစကားပြောကြားပြီး အငြိမ်းစား ဝန်ထမ်းဟောင်းများအသင်း ရန်ပုံငွေသို့   ကနဦးထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဦးနေအေးသို့ လည်းကောင်း၊ ဝန်ထမ်းများအတွက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ် ချီးမြှင့်ငွေအား ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင် သို့ လည်းကောင်း၊ အရာထမ်း/အမှုထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်ထောက်ပံ့ကြေး  ချီးမြှင့်ငွေအား  ညွှန်ကြားရေး မှူးချုပ် ဦးမျိုးမင်းသို့ လည်းကောင်း၊ သုတေသနစာတမ်းဖတ်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အရာထမ်းများအား လည်း ကောင်း ဆုချီးမြှင့်ပေးခဲ့ပြီး  ဗဟိုဘဏ်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်သွယ်သွယ်မြင့် က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝတ်ရွတ်အသင်းအတွက် ဂုဏ်ပြုဆုငွေ ကို လည်းကောင်း၊   အားကစားထူးချွန်ဆုများကို  ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊  ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်သန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။  


သတင်းစဉ်