မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)ကို ၉-၇-၂၀၂၁ ရက်နေ့မှ ၂၃-၇-၂၀၂၁ ရက်နေ့အထိ ယာယီပိတ်ထားမည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးပန်ကြားချက်

၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
 

 

၁။    ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ 


၂။    သို့ပါ၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)ကို ၉-၇-၂၀၂၁ ရက်နေ့မှ ၂၃-၇-၂၀၂၁ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။