မြန်မာနိုင်ငံထွက် မက်ကဒေးမီးယား ပြည်ပစျေးကွက်တင်ပို့ရန် လန်ချန်း - မဲခေါင်စီမံကိန်းကူညီ

 

ပြင်ဦးလွင်  ဖေဖော်ဝါရီ  ၁၆


မန္တလေးတိုင်း  ပြင်ဦးလွင်မြို့၌   လန်ချန်း-မဲခေါင်အထူးရန်ပုံငွေ   စီမံကိန်းလှုပ်ရှားမှု ဖြစ်သည့် “မြန်မာနိုင်ငံ မက်ကဒေးမီးယား အစေ့အရောင်းပြပွဲ”      ကို   ဖေဖော်ဝါရီ ၇   ရက်က     မြန်မာနိုင်ငံ      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန က ဦးဆောင်ကျင်းပခဲ့သည်။

 


အဆိုပါပြပွဲသို့   မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်   ဆည်မြောင်းဝန်ကြီးဌာန   အမြဲတမ်း အတွင်းဝန်      ဦးကျော်မင်းဦး၊    မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု    ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန   အပြည်ပြည် ဆိုင်ရာ  အဖွဲ့အစည်းများနှင့်  စီးပွားရေး ဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း၊      ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ   ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံကိုယ်စားလှယ်တို့ တက်ရောက်ကာ    အမှာစကားပြောကြား ခဲ့ကြသည်။

 


တရုတ်သံရုံး၏       သဝဏ်လွှာ၌ မြန်မာနိုင်ငံ       မက်ကဒေးမီးယားအစေ့ အရောင်းပြပွဲ   သည်   လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ        စီမံကိန်းဖြစ်သည့် “လန်ချန်း-မဲခေါင်ဒေသ   အသေးစား တောင်သူ        မက်ကဒေးမီးယားအစေ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု”        စီမံကိန်း အဓိက   အကြောင်းအရာဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည်         အသေးစား တောင်သူများထံ     အရည်အသွေးမြင့် ပျိုးပင်များထောက်ပံ့ပေးခြင်း၊   စိုက်ပျိုးရေးစံပြဇုန်တည်ဆောက်ခြင်း၊    စိုက်ပျိုး နည်းပညာ  လေ့ကျင့်မှုပေးခြင်းစသည်တို့ဖြင့်    မြန်မာနိုင်ငံ၏ မက်ကဒေးမီးယား       အစေ့ထုတ်လုပ်မှုနှင့်       ဈေးကွက်တွင် ရောင်းချသည့်စွမ်းရည်ကို    ဘက်စုံကူညီ မြှင့်တင်ပေးကာ  မြန်မာနိုင်ငံမှ  လန်ချန်း-မဲခေါင်ဒေသတစ်ခုလုံး၏     စိုက်ပျိုးရေးလုပ်ငန်းတွင်ကျယ်မှု၊      ကျေးရွာဖွံ့ဖြိုး တိုးတက်မှု၊ တောင်သူများ ဝင်ငွေတိုးပွား စေမှုအတွက်     အကျိုးထမ်းဆောင်ပေး ကြောင်း၊    ယခုအကြိမ်  အရောင်းပြပွဲသည်   မြန်မာနိုင်ငံ မက်ကဒေးမီးယားအစေ့ကို   နိုင်ငံတကာဈေးကွက်သို့    တစ်ဆင့်တိုး ဝင်ရောက်ရန် ထိရောက်စွာကူညီပေးမည် ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သည်           တစ်ကမ္ဘာလုံးဆိုင်ရာ     မက်ကဒေးမီးယားအစေ့ လုပ်ငန်းစင်တာ တည်ဆောက်လျက်ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။

 


တရုတ်နိုင်ငံသည်     မြန်မာနိုင်ငံ မက်ကဒေးမီးယားအစေ့၏         အရေးပါ ဈေးကွက်ဖြစ်ရုံသာမက     မြန်မာနိုင်ငံ      အခွံမာသီးလုပ်ငန်း၏ နက်ရှိုင်းစွာပါဝင်သူ နှင့် ပူးပေါင်းဆောင်ရွက်သူလည်း ဖြစ်နိုင် ကြောင်း၊     တရုတ်သံရုံးက   မြန်မာနိုင်ငံ သည်        ယူနန်ပြည်နယ်နှင့်အတူ     မက်ကဒေးမီးယားအစေ့      လုပ်ငန်းနှင့်    စပ်လျဉ်း၍   ဘက်စုံနက်ရှိုင်းစွာ  ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း သိရှိရသည်။

 


မြန်မာနိုင်ငံသည်  ၁၉၈၂   ခုနှစ်မှစ၍ မက်ကဒေးမီးယားအစေ့ကို   စိုက်ပျိုးခဲ့ ပြီး     အဆိုပါ    လန်ချန်း-မဲခေါင်စီမံကိန်း           အကောင်အထည် ဖော်ဆောင်ခြင်းသည်     မြန်မာနိုင်ငံ၏     အထွက်နှုန်း၊   အရည် အသွေးနှင့် တင်ပို့နိုင်မှု   စွမ်းရည်မြှင့်တင် ခြင်းအတွက်    ထိရောက်စွာကူညီပေးပြီး  ထိုမှတစ်ဆင့်     မန္တလေးတိုင်း၊     ရှမ်း ပြည်နယ်နှင့်   ကချင်ပြည်နယ်   ကျေးရွာ တည်ဆောက်ရေးနှင့်         တောင်သူများ     ဆင်းရဲနွမ်းပါးမှု       ပပျောက်ရေးလုပ်ငန်း ကို   ဖော်ဆောင်ပေးကာ    မြန်မာနိုင်ငံမှ သည်   လန်ချန်း-မဲခေါင်ဒေသ၏ စည်ပင် သာယာမှုနှင့်     စဉ်ဆက်မပြတ်    ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။                           

ကိုရိုး