
ရန်ကုန် ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) က ကြီးမှူးကျင်းပသော ပထမ အကြိမ်မြောက် သက်ကြီးသတင်း စာဆရာကြီးများအား ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗဟန်း မြို့နယ် ရွှေတိဂုံဘုရားမြောက် ဘက်မုခ် ကြီးငါးကြီး ဆုတောင်း ပြည့်ဘုရား အာရုံခံတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် ဒေါက်တာ ဇော်သန်းက မုဒိတာစကားပြော ကြားပြီး မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (ရန်ကုန်တိုင်းဒေသ ကြီး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပူဇော်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကန်တော့ချိုးဖြင့် သက်ကြီးသတင်းစာ ဆရာကြီး များအား ဂါရဝပြုကန်တော့ခံ ပစ္စည်းများဖြင့် ကန်တော့ကြပြီး ကန်တော့ခံ သက်ကြီးသတင်းစာ ဆရာကြီးများကိုယ်စား မြန်မာ နိုင်ငံသတင်းစာ ဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)၏ ဂုဏ် ထူးဆောင်နာယက ဦးယဉ်ကျော် က သြဝါဒစကား ပြောကြားကာ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အခမ်းအနားသို့ မတက် ရောက်နိုင်သည့် သက်ကြီး သတင်းစာ ဆရာကြီးများအား သွားရောက်ကန်တော့ကြမည်ဖြစ် သည်။
အာကာစိုး