မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်  ၂၃


မြန်မာနိုင်ငံသို့  AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  အကူ အညီ   စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့နံနက် ၁၀ နာရီ က       နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


အစည်းအဝေးကို    လုပ်ငန်း အဖွဲ့၏ဥက္ကဋ္ဌဖြစ်သော အပြည်ပြည် ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က          ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး    လုပ်ငန်းအဖွဲ့ ၏   ဒုတိယဥက္ကဋ္ဌဖြစ်သော   လူမှု ဝန်ထမ်း၊        ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာ       သက်သက်ခိုင်နှင့် သက်ဆိုင်ရာ   ဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့       အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

 


ညှိနှိုင်းဆွေးနွေး


အစည်းအဝေး၌  မြန်မာနိုင်ငံ တွင်   အမှန်တကယ်  အကူအညီ လိုအပ်နေသည့်    ပြည်သူများ အတွက်      ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှု   အကူအညီ များ ပေးအပ်နိုင်ရန်   လိုအပ်ချက် ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နိုင်ရေး  ကူညီဆောင် ရွက်ပေးနိုင်မည့်    နည်းလမ်းများ နှင့်ပတ်သက်၍   ဆွေးနွေးခဲ့ကြပြီး ကြားကာလ    အကူအညီပေးအပ် ရေးလုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေး ထိရောက်၍ လုံခြုံမှု ရှိသော      မြေပြင်လုပ်ငန်းများ အတွက်   ညှိနှိုင်းဆောင်ရွက်ပေး ရန်     ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။ 

 


ထို့နောက်    အစည်းအဝေး၌ အာဆီယံတူညီဆန္ဒ၏    စတုတ္ထ အချက်ဖြစ်သည့်      လူသားချင်း စာနာမှုအကူအညီပေးအပ်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိ ကဝတ်အပေါ်       ထပ်လောင်း အတည်ပြုခဲ့ကြပြီး     အကူအညီ လိုအပ်သူများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေး  ရှိရင်းစွဲ ယန္တရားများအကြား    ပေါင်းစပ် ညှိနှိုင်းအားကိုလည်း   တိုးမြှင့်သွား ရန် ဆွေးနွေးခဲ့သည်။ 


သတင်းစဉ်