
နေပြည်တော် နိုဝင်ဘာ ၄
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဆက်လက် ကျင်းပသည်။
ညီလာခံဒုတိယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၏ ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်အားပေးပြီး သဘာပတိနှင့် ဆွေးနွေးဟောပြောသူများကို မှတ်တမ်း တင်ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်သည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာရွှေတိုး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ကျော်သီဟနှင့် ထိုင်းနိုင်ငံ Faculty of Dentistry, Khon Kaen University မှ Dean Professor Ajira-vudh Subarnbhesaj တို့အကြား ဆေးလက်တွေ့ အသိပညာဖလှယ်ရေး၊ သင်ကြားရေးနှင့် သွားနှင့် ခံတွင်းဆေးပညာ သုတေသနလုပ်ငန်းများကို ပူးပေါင်း ၍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးလက်မှတ်ရေးထိုးခြင်း အခမ်း အနားသို့ တက်ရောက်သည်။
ထို့ပြင် ညီလာခံဒုတိယနေ့၌ ကိုရီးယားသမ္မတ နိုင်ငံမှ Korea University Medicine မှ ပါမောက္ခများ က သွားမြစ်တုအစားထိုးကုသမှုများကို လည်းကောင်း၊ ဂျပန်နိုင်ငံ Japan Heart Foundation မှ ပါမောက္ခ က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသ ခြင်းအကြောင်းနှင့် မလေးရှားနိုင်ငံ International Medical University မှ သွားနှင့် ခံတွင်းခွဲစိတ် ဆရာဝန်က မျက်နှာ၊ မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုသမှု များအကြောင်းတို့ကို ဆွေးနွေးတင်ပြကြသည်။
ထို့အတူ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာပိုင်စိုးနှင့် အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမျိုးဝင်းတို့က သွားနှင့် ခံတွင်းဆရာဝန်များ၏ ကျင့်ဝတ်သိက္ခာနှင့်ပတ်သက်၍ လည်းကောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခ ဒေါက်တာအောင်သူဟိန်း၊ ပါမောက္ခ ဒေါက်တာဇော်မိုးဟိန်း၊ ပါမောက္ခဒေါက်တာ အောင်သိန်းထွန်း၊ ပါမောက္ခ ဒေါက်တာ ကျော်တင့်၊ ပါမောက္ခ ဒေါက်တာကိုကိုစိုး၊ ပါမောက္ခ ဒေါက်တာ အောင်ဝင်းနှင့်ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ ဒေါက်တာလှမျိုးနိုင်တို့က မေးရိုးနှင့်သွားနှင့်ခံတွင်း ဆေးပညာဆိုင်ရာ ဆွေးနွေးဟောပြောမှုများကိုဆောင်ရွက်ကြသည်။
ညီလာခံပထမနေ့ မွန်းလွဲပိုင်းကလည်း ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကုသရေး ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine တို့အကြား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ များခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့ အသိ ပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက် ပြီး(အပေါ်ပုံ) မြန်မာနိုင်ငံတွင် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲလူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်် ကိုရီးယားသမ္မတနိုင်ငံ Korea University Medicine မှ Director Professor Kim Deok-Woo တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသခြင်းဆိုင်ရာ ဆေးလက်တွေ့ အသိပညာဖလှယ်ရေး နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ညီလာခံပထမနေ့၌ ပြည်ပပညာရှင်များ ဖြစ်ကြသော ထိုင်းနိုင်ငံ Khon Kaen University မှ ပါမောက္ခများက မေးရိုးခံတွင်းကင်ဆာနှင့်ပတ်သက် ၍လည်းကောင်း၊ ကလေး သွားများတွင် ဖြစ်တတ် သော မာကျောမှုအဆင့်မမီခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ Mahidol University မှ ပါမောက္ခက မျက်နှာ၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုနှင့် ဆန်းသစ် တီထွင်မှုများအကြောင်းနှင့် Chulalongkorn University မှ ပါမောက္ခက ခံတွင်းအတွင်းရှိ အဏုဇီဝ ပိုးမွှားများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့အတူ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဇော်ဝင်းထွန်းနှင့် သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ် (မန္တလေး)မှ ပါမောက္ခ ဒေါက်တာထွန်းငွေ တို့က မေးရိုးနှင့် သွားနှင့်ခံတွင်းဆေးပညာဆိုင်ရာ ဆွေးနွေးဟောပြောမှုများကို ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ ကို “အရည်အသွေးပြည့်..သွားကျန်းမာရေး ပြည်သူ့ ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ညီလာခံဒုတိယနေ့ အစီအစဉ်များတွင် စာတမ်း ဖတ်ပွဲ (parallel session) ၂၅ ခု ပါဝင်ကြောင်း သိရ သည်။
သတင်းစဉ်