
ရန်ကုန် ဒီဇင်ဘာ ၂၉
၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားရုံ (၁)သုဝဏ္ဏ၌ ကျင်းပသည်။ ဗိုလ်လုပွဲ ပြိုင်ပွဲများ၌ အမျိုးသား ဆယ်ပေါက်တန်း ဗိုလ်လုပွဲတွင်
တော်ဝင်ဌေးရတနာအသင်းက ဇမ္ဗရတနာအေးအသင်းကို ရမှတ် ၁၃၅၃ ၊ ၁၂၄၂ ရမှတ်ဖြင့်လည်းကောင်း၊ အမျိုးသားခြောက်ပေါက်တန်း တွင် ကာကွယ်ရေးအသင်းက သူရိန်မင်းအသင်းကို ရမှတ် ၁၀၉၈၊ ရမှတ် ၁၀၃၀ ဖြင့်လည်းကောင်း၊ အမျိုးသမီးလေးပေါက်တန်းတွင် စာဥအသင်းက ခေတ္တရာရွှေပြည်အသင်းကို ရမှတ် ၅၉၀ ၊ ရမှတ် ၅၁၉ ဖြင့်လည်းကောင်း အနိုင်ရရှိသည်။
ဆုများချီးမြှင့်
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အသင်းအသန့်ရှင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုများ ရရှိ ကြသူများအား မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်၊ တပ်မတော်ခြင်းလုံးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ရဲလွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ အမှုဆောင် များက တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ် ချီးမြှင့်ကြသည်။
ဝင်ရောက်ယှဉ်ပြိုင်
အဆိုပါပြိုင်ပွဲတွင် ဆယ်ပေါက်တန်းတွင် ခြောက်သင်း၊ ခြောက် ပေါက်တန်းတွင် ၁၁ သင်း၊ လေးပေါက်တန်းတွင် လေးသင်း၊ အားကစား သမား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အာကာစိုး