မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြု ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်   အောက်တိုဘာ   ၁


(၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲ ဓမ္မာရုံ ပတ်ဝန်းကျင်နှင့် ဖြုတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၏ဇနီး ဒေါသန့်ကြည်ဖြူစိုး ဦးစီးသော တပ်ဖွဲ့ဝင်၊ မိသားစုဝင်များက သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ဥတ္တရသီရိမြို့နယ် အရိုးအကြော အထူးကုဆေးရုံကြီး၌   ဌာနချုပ်တပ်ဖွဲ့ခွဲမှူး   ဦးဆောင်၍ တပ်ဖွဲ့ဝင် ၃၃ ဦးနှင့် မိသားစုဝင် ၁၄ ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။        

 

ရဲပြန်ကြား