မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြု ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ  ၂၉


အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၇) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့‌နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့ မှူး ယာယီရဲမှူး တင်အောင်မိုး၊ တပ်ကုန်းမြို့ မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး ရဲတေဇာနှင့် ရဲတပ်ဖွဲ့ဝင်မိသားစု စုစုပေါင်းအင်အား ၇၀ တို့သည် ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့ ငွေတောင်တောရပရိယတ္တိ စာသင် တိုက်အတွင်း မြေဖို့ခြင်း၊ ပေါင်းရှင်းခြင်းစသည့် လူထုအကျိုးပြုလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြသည်။ 


အလားတူ တပ်ကုန်းမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင်လည်း ရဲတပ်ဖွဲ့ဝင်မိသားစုများက စုပေါင်းသွေးလှူဒါန်းကြောင်း သိရသည်။ 

တင့်ဇော်ထွန်း