မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၉


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်း ရေးဥပဒေကို ဒုတိယအကြိမ်   ပြင်ဆင် သည့်   ဥပဒေ(မူကြမ်း)    ပြဋ္ဌာန်းနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဥပဒေ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့     ဥပဒေရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု   ရှေ့နေချုပ်    ဒေါက်တာ သီတာဦး၊   ဒုတိယဝန်ကြီးနှင့်    ဒုတိယ ရှေ့နေချုပ်    ဒေါက်တာ   ထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဗိုလ်ချုပ်   တိုးရီ၊     ဥပဒေမူကြမ်းစိစစ် ရေးဦးစီးဌာနမှ    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် ကျော်လင်းနှင့်   တာဝန်ရှိသူများ   တက်ရောက်ကြသည်။


အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီး   ဗိုလ်ချုပ်  တိုးရီက    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  စည်းကမ်းထိန်းသိမ်း‌ရေးဥပဒေ ကို  ပြင်ဆင်ရသည့်အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်   ရဲမှူးချုပ်  ကျော်လင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်း ရေးဥပဒေကို   ကိုင်တွယ်ကျင့်သုံးရာတွင် တိုးချဲ့ဖွဲ့စည်းထားသော    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဖွဲ့စည်းပုံနှင့်ကိုက်ညီမှုရှိစေရန် လည်းကောင်း၊   အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေပါစကား ရပ်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာနှင့်ပြစ်မှုကျူးလွန်သော တပ်ဖွဲ့ဝင်များ  ချုပ်နှောင်ခွင့်၊   အကျဉ်း နည်းစစ်ဆေးခွင့်အာဏာများကို   တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး များသာမက ရဲမှူးကြီးနှင့်အထက်အဆင့် ရှိ ရဲလေ့ကျင့်ရေးကျောင်းများမှ ကျောင်း အုပ်ကြီးများအား   အခွင့်အာဏာပေးနိုင် ရန်လည်းကောင်း   မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်း‌ရေး      ဥပဒေတွင် လိုအပ်သည့်ပုဒ်မများကို ပြင်ဆင်ဖြည့်စွက် ရခြင်းဖြစ်ကြောင်း      တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က   မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက်    ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း   သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့်ပုဒ်မများအား အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။                            

သတင်းစဉ်