မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း၊ 
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ကို ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထား လိုက်သည်။
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည် ကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်။
၃။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်    ဥပဒေရေးရာဝန်ကြီးဌာန၊   တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ   ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါ်ယုယုခင်  ကို  ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထား လိုက်သည်။