အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ်
တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဥက္ကဋ္ဌရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင် အား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရုံးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင် အား အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘို ကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။



