ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဦးဟန်မင်းအောင်ကို ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလ ၂ ရက်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ဦးသိန်းလွင် ညွှန်ကြားရေးမှူးချုပ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
(ခ) ဦးဝင်းလှိုင် ညွှန်ကြားရေးမှူးချုပ်
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန



