
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ (၁)နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(၁) ဦးဇော်ဝင်းထွန်း ကျောင်းအုပ်ကြီး
မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(၂) ဦးကျော်နိုင်အေး ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန