
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးရလိုမှုကို အခြေခံသည့် အကြမ်းဖက်ဝါဒ မပြန့်ပွားစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လို
နေပြည်တော် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ
ကျွမ်းကျင်လုပ်ငန်းအဖွဲ့ အစည်းအဝေး (12th ADMM-Plus Experts’ Working Group on Counter-Terrorism Meeting EWG on CT Meeting) ကို ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ADMM-Plus EWG-CT ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသော မြန်မာ့တပ်မတော်မှ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ရုရှားတပ်မတော်မှ Major General Grigory TURIN တို့နှင့်အတူ အာဆီယံနိုင်ငံများ၊ အာဆီယံဆွေးနွေး ဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများ ဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စာတမ်းများ ဖတ်ကြားဆွေးနွေးသည်။ မြန်မာနိုင်ငံက “The Terrorist Attacks, Threatening National Security in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ၏ အမျိုးသားလုံခြုံရေးကို ထိပါး နှောင့်ယှက်နေမှုများမှာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ် ဆေးဝါးပြဿနာများအပါအဝင် လက်ရှိ ဖြစ်ပေါ်နေသော NUG နှင့် PDF တို့၏ အကြမ်းဖက် လုပ်ရပ်များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများ၊ ဥပဒေမဲ့ ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော် ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်မတော်မှ နိုင်ငံတော် တာဝန်များကို ခေတ္တထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ မသမာမှုများကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း NLD အစိုးရအနေဖြင့် အကြိမ်ကြိမ်ပယ်ချခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့၏ အငြင်းပွား ဖွယ်ရာ ရွေးကောက်ပွဲရလဒ်နှင့် အစိုးရ အသစ် ဖွဲ့စည်းရန် ကြိုးစားလာခြင်း ကြောင့်သာ နိုင်ငံတော်၏ အရေးပေါ် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်ကြောင်း ဦးစွာ ရှင်းလင်းပြောကြား သည်။
ရှင်းလင်းပြောကြား
ဆက်လက်ပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများမှ အကြမ်းဖက်မှုသို့ အဆင့်ဆင့်ကူးပြောင်းခဲ့ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုများသို့ ကူးပြောင်း လာချိန်မှသာ အနည်းဆုံးအင်အား အနိမ့် ဆုံးအဆင့်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ ကြောင်း၊ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး ယင်းအကြမ်းဖက် အဖွဲ့အစည်းများက စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များကို အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ NUG အဖွဲ့၏စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများက “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆဖြင့် အပြစ်မဲ့ ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲပြီး အုပ်ချုပ်ရေးမှူးများနှင့် NLD ကို မထောက် ခံသည့် သာမန်ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အထူးသဖြင့် CDM မလုပ်ဘဲ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် တာဝန် ထမ်းဆောင်နေသည့် ဆရာ ဆရာမ များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ် ဆရာဝန်ကြီး အပါအဝင် ကျန်းမာရေးဝန်ထမ်းများကိုပါ လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း၊ လတ်တလောဖြစ်ပေါ်နေသော အကြမ်း ဖက်လုပ်ရပ်များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်း မဟုတ်ဘဲ NUG၊ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက အကြောက်တရားဖြင့် ထိန်းချုပ်ဆောင်ရွက်နေသည့် နေရာ တချို့တွင်သာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် ၎င်းအကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အစွန်းရောက် NLD ပါတီထောက်ခံသူ များ၏ ပါဝင်ပတ်သက်မှုများကို အထောက် အထားများဖြင့် ရှင်းလင်းပြောကြားသည်။
တစ်ဖက်သတ်လုပ်ကြံသတင်းများ
ရေးသားခြင်း
ဆက်လက်၍ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များကို နိုင်ငံတကာမှမသိရှိစေရန် နှင့် လိုရာဆွဲပုံဖော်နိုင်ရန် အစိုးရ ဆန့်ကျင် သည့် မီဒီယာများမှ တစ်ဖက်သတ်
လုပ်ကြံသတင်းများ ရေးသားခြင်း၊ မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံရေးရည်မှန်း ချက်ရှိသည့် အုပ်စုများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖြစ်စဉ် များအပေါ်တွင် မဟုတ်မမှန် ဇာတ်လမ်း များကို လုပ်ကြံဖန်တီး တည်ဆောက် လျက်ရှိခြင်း၊ မီဒီယာနည်းပညာနှင့် ငွေကြေးအကူအညီရယူပြီး ထိုသို့ မဟုတ်မမှန် အကြောင်းအရာများကို ကြိမ်ဖန်များစွာ ထုတ်ပြန်ရေးသားခြင်း များကြောင့် Political Narrative များ ဖြစ်လာပြီး အမှန်တရားအလွန် နိုင်ငံရေး Post-truth Politics ၏ လက်နက်တစ်ခု အဖြစ် လုပ်ဆောင်နေကြကြောင်း။
ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒအား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံအားလုံး သဘောတူညီထားသည့် စံသတ်မှတ်ချက် မရှိသော်လည်း NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များမှာ ကမ္ဘာ့နိုင်ငံကြီးများ၏ အကြမ်းဖက်ဝါဒ စံသတ်မှတ်ချက်များနှင့် ထပ်တူကျနေကြောင်း၊ ထို့ကြောင့် အချုပ် အခြာအာဏာပိုင် မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး INTERPOL အပါအဝင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများထံသို့လည်း အကြောင်း ကြားထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ တချို့အနေဖြင့် ထိုအကြမ်းဖက် အဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေခြင်းသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုရာ ရောက်နေ ကြောင်း၊ CRPH၊ NUG၊ PDF တို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို မျက်ဝါး ထင်ထင်သိရှိနေလျက်ဖြင့် ၎င်းတို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန် ခက်ခဲနေသော ဒီမိုကရေစီနိုင်ငံကြီးအချို့၏ စဉ်းစားမှုကို နားမလည်နိုင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးရလိုမှုကို အခြေခံသည့် အကြမ်းဖက်ဝါဒ မပြန့်ပွားစေရေး
ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းစသည်ဖြင့် ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးပြောကြား
ရုရှားနိုင်ငံက “Threats to the national security of the Russian Federation emanating from the activities of international terrorist organizations” ခေါင်းစဉ်ဖြင့် ဆွေးနွေး ရာတွင် ရုရှားနိုင်ငံ၏ အမျိုးသား လုံခြုံရေး ကို ခြိမ်းခြောက်လျက်ရှိသည့် အိမ်နီးချင်း နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသမှ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်အဖွဲ့ အစည်းများအကြောင်းကို ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ “Evaluation of National Security Threats” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် အာဆီယံ ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက်နိုင်ငံများက စာတမ်းများ အပေါ် ၎င်းတို့၏အမြင်များကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
အစည်းအဝေးသို့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ASEAN Defence Ministers’ Meeting-Plus (ADMM-Plus) လုပ်ငန်းစဉ်အောက်တွင် အာဆီယံအပေါင်း အကြမ်းဖက်မှု
တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ (ADMM-Plus EWG on CT) ၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်