
နေပြည်တော် စက်တင်ဘာ ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံး အဆောက်အအုံ၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား လေကြောင်း ပို့ဆောင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ ပို့ဆောင်ရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန ဝန်ကြီးတို့က သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးကြပြီး (ဝဲပုံ)အမှာစကားများ ပြောကြားကြ သည်။
အခမ်းအနားသို့ ဟောင်ကောင် မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းတို့မှ ကိုယ်စားလှယ် များ၊ ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန၊ မြို့ပြ လေကြောင်းဦးစီးဌာနနှင့် လေဆိပ် အာဏာပိုင်အဖွဲ့တို့မှ အရာထမ်း များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သဘောတူစာချုပ် အရ မြန်မာနိုင်ငံနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့မှ လေကြောင်းလိုင်းများသည် ပိုမို လွတ်လပ်သော ပျံသန်းခွင့်များဖြင့် ခရီးသည်တင်နှင့် ကုန်စည်တင် လေကြောင်းခရီးစဉ်များကို အပြန် အလှန် ပျံသန်းနိုင်မည်ဖြစ်သည်။
ထို့အပြင် ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ သည် Hong Kong International Aviation Academy ၏ President Mr. Simon Li ၏ ဖိတ်ကြားချက် အရ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ပိုင်းတွင် ဟောင်ကောင်မြို့ရှိ Hong Kong International Avia-tion Academy သို့ သွားရောက် လေ့လာခဲ့ကြပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်