
ရန်ကုန် ဇူလိုင် ၂၈
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးရောက်ရှိ နေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှတစ်ဆင့် ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ဧည့်သည်တော် တရားသူကြီးချုပ်နှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တရားလွှတ်တော် တရားသူကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်