
နေပြည်တော် စက်တင်ဘာ ၂
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၀ လွှဲပြောင်းလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Asia World Port Terminal ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ယခုလှူဒါန်းမှုသည် သီရိလင်္ကာ ပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် သီရိလင်္ကာ သံအမတ်ကြီးက ဆန်များ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သော မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌထံသို့ ကျေးဇူး တင်လွှာ ပြန်လည်ပေးအပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ စီးပွားရေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ လတ်တလောအခြေအနေတွင် ယခုကဲ့သို့ လှူဒါန်းခြင်းသည် များစွာအထောက်အကူဖြစ်ပါကြောင်း၊ လှူဒါန်းပေးရန် စီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
သတင်းစဉ်