
ဘားအံ စက်တင်ဘာ ၂၆
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ် ကဏ္ဍ(၁၆) ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး ခရိုင်၊ မြို့နယ် လူငယ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင် သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သောအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နယ်ပယ်ပေါင်းစုံ တွင် လူငယ်များပါဝင်ဆောင်ရွက်နိုင်သည့် အခွင့် အလမ်းများကို ဖန်တီးပုံဖော်ပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ လူငယ်များပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းလာမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွဲ့စည်း တိုးတက်သည့် သဟဇာတဖြစ်သည့် လူမှုအသိုင်း အဝိုင်းကို တည်ထောင်နိုင်ကာ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်း ရေးမှူး ဦးစိုးနိုင်၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်မည့် လျာထား လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ထပ်မံဖြည့်စွက် ဆွေးနွေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူငယ်ရေးရာဦးစီးဌာနအတွက် ငွေကျပ်သိန်း ၅၀ ကို ဒုတိယဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)