
နေပြည်တော် ဒီဇင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ Maple Win Naypyitaw Co., Ltd. အထည် ချုပ်စက်ရုံ Assessment Center သို့ ရောက်ရှိပြီး နေပြည်တော်တွင် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက် လာရေးအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင် မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ အထည်ချုပ် လုပ်သားများ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် နေခြင်းကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စက်ရုံ တည်ထောင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်နေမှု အခြေ အနေနှင့် အထည်ချုပ်လုပ်သားများ၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တို့ကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ မှာကြားသည်။
ထို့နောက် တစ်ချောင်းချုပ် အပ်ချုပ်စက်၊ ဓားစက်၊ ကြယ်သီးတပ်စက်၊ ကြယ်သီးဖောက်စက်၊ ချည်တုပ်စက် စသည့်စက်များကို အသုံးပြု၍ ကျွမ်းကျင် မှုစွမ်းရည်ဖြေဆိုနေသည့် အထည်ချုပ်လုပ်သား ၅၀ ၏ဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရေနီမြို့ရှိ Lat War Co., Ltd. အထည်ချုပ်စက်ရုံ ၏ Assessment Center သို့ ရောက်ရှိကြရာ တာဝန်ရှိ သူများက စက်ရုံတည်ထောင်ထားရှိမှု၊ လုပ်ငန်း လည်ပတ်နေမှုအခြေအနေနှင့် အထည်ချုပ်လုပ်သား များ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်း စဉ်တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး စက်များ အသုံးပြု၍ ကျွမ်းကျင်မှုစွမ်းရည် ဖြေဆိုနေသည့် ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံမှ လုပ်သား ၅၀ ၏ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်