မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တတိယနေ့ Plenary Session တွင် အကြံပြုရှေ့လုပ်ငန်းစဉ်များကို စုံညီစွာ စုပေါင်းဆွေးနွေးညှိနှိုင်းကာ ညီလာခံအောင်မြင်စွာကျင်းပပြီးစီး

 

နေပြည်တော်   မေ   ၂၀
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) တတိယနေ့ Plenary Session ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ရှိ Plenary Hall  ညီလာခံ ခန်းမ၌ ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ (ယာပုံ)၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ  ဒုတိယဝန်ကြီးများ၊   အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာ ရှင်ကြီးများ၊  ပါမောက္ခများ၊   စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးအားပေး ကြသည်။ 
ယနေ့ကျင်းပသော Plenary  Session   တွင် ညီလာခံဒုတိယနေ့က ဆွေးနွေးပွဲခေါင်းစဉ်ကြီး(၇)ခု ဖြင့် စာတမ်းရှင်များနှင့်တက်ရောက်သူများ အကြံပြု ဆွေးနွေးညှိနှိုင်းရရှိခဲ့သည့်       ဆွေးနွေးပွဲရလဒ် ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဆွေးနွေးပွဲအုပ်စု သဘာပတိနှင့်   စာတမ်းရှင်များက   တင်ပြကြပြီး  တက်ရောက်လာသူများက  စုံညီစွာ စုပေါင်းဆွေးနွေး ညှိနှိုင်းကြသည်။
တက်ကြွစွာပါဝင်ဆွေးနွေး
Parallel Session 1 မှ  စစ်ကိုင်းတိုင်းပညာ ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးတိုးဝင်း  နှင့်  စာတမ်းရှင်များက    “ကျောင်းတက်သူဦးရေ   ပိုမိုတိုးတက်လာစေရေး”    ဆွေးနွေးပွဲခေါင်းစဉ်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ လူမှုရေးအဖွဲ့အစည်းများ နှင့်ပူးပေါင်းစည်းရုံးဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ် များ၊ ကျန်းမာပျော်ရွှင်သောပညာသင်ယူမှု ပတ်ဝန်း ကျင်ကောင်းဖန်တီးရေး ရှေ့လုပ်ငန်းစဉ်များ၊ သင်ကြား သင်ယူမှုအပေါ်  စဉ်ဆက်မပြတ်အကဲဖြတ်စနစ်၏ ထိရောက်မှုကိုဆန်းစစ်ရေး   ရှေ့လုပ်ငန်းစဉ်များ၊  နှစ်ချို့ကင်းကွာ ကျောင်းသားများပြန်လည်လက်ခံရေးအတွက် နည်းလမ်းရှာဖွေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့်  ကိုယ်ပိုင် ကျောင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအကြံပြု ရှေ့လုပ်ငန်းစဉ်များနှင့် ကျောင်းသားဆရာ   အချိုး မျှတစေရေး ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားသည်။ ထို့နောက်    စာတမ်းပါအကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်လာစေရေး အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။
အလားတူ Parallel Session 2 မှ  ကျောင်းပြင်ပ နှင့်  တစ်သက်တာပညာရေးဦးစီးဌာန၊    ညွှန်ကြား ရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဇော်ဝင်းနှင့် စာတမ်းရှင် များက “KG+9 ပြီးမြောက်ရေးကို အမျိုးသားရေးကိစ္စ တစ်ရပ်အဖြစ်   ဆောင်ရွက်ရေး”    ခေါင်းစဉ်မှ  ကျောင်းဝင်နှုန်း မြင့်မားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊  ကျောင်းနေမြဲရေးနှင့်  တန်းစဉ် ကူးပြောင်းမှုမြင့်မားရေးဆိုင်ရာ   ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရာတွင် လိုအပ်ချက်များ   ပံ့ပိုးဖြည့် ဆည်းပေးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်အကြံပြုချက် များ၊ အရည်အသွေးရှိသော  ဆရာ   ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပေးရေးဆိုင်ရာ  ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊ အမှန်တကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့သား ကောင်းများ မွေးထုတ်ပေးရေးနှင့် ကောင်းမွန်သော အသိပညာ၊ ကောင်းမွန်သောအလေ့အကျင့်များကို မူ၊ လယ်၊ ထက် သင်ရိုးညွှန်းတမ်းတွင်   ချိတ်ဆက် ထည့်သွင်းအသိပညာပေးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊ နယ်စပ်ဒေသများပါမကျန် ကျောင်း နေအရွယ် ကလေးတိုင်း KG+9 ပြီးမြောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်အကြံပြုချက်များကို  တင်ပြဆွေးနွေး ရာ တက်ရောက်လာသူများက တက်ကြွစွာ  ပါဝင် ဆွေးနွေးကြသည်။
Parallel Session 3 မှ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန နည်းပညာ၊  သက်မွေးပညာနှင့်  လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ ပြည့်ကျော်သူ က “KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ် များကို စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များရရှိရေးအတွက် ဆောင်ရွက် သင့်သည့်နည်းလမ်းများ ဖော်ထုတ်ရေး” ဆွေးနွေးပွဲ ခေါင်းစဉ်မှ “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေး သင်ယူနိုင်မှုအခွင့်အလမ်းကို ပြည်သူလူထု ပိုမို သိရှိနားလည်လာစေရန် တိုးမြှင့်ဆောင်ရွက်ရေး”ဆိုင်ရာ အကြံပြုချက်ရှေ့လုပ်ငန်းစဉ်များ၊ “KG+9  အလွန် ပညာရေးတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးကို သင်ယူနိုင်သောသင်တန်းကျောင်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး” ဆိုင်ရာရှေ့လုပ်ငန်းစဉ် အကြံပြုချက် များ၊ “KG+9 အလွန်ပညာရေးအတွက် လိုအပ်သော ဆရာ ဆရာမများ  ခန့်ထားရေးနှင့်   စွမ်းဆောင်မှု မြှင့်တင်နိုင်ရေး” ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် အကြံပြု ချက်များ၊ “KG+9 အလွန်ပညာရေးအတွက် နည်းပညာ ကဏ္ဍသင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည် အသွေးအာမခံမှုနှင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းအောင် ဆောင်ရွက်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်း စဉ်များ၊ “KG+9  အလွန်ပညာရေးအတွက် စိုက်ပျိုး-မွေးမြူရေးကဏ္ဍ  သင်ရိုးညွှန်းတမ်း၊  စစ်ဆေးအကဲ ဖြတ်မှု၊ အရည်အသွေးအာမခံမှုနှင့်စီမံခန့်ခွဲမှု ပိုမိုအား ကောင်းအောင် ဆောင်ရွက်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့်    သက်မွေးပညာ သင်တန်းကျောင်းများမှ ပြီးမြောက်သူများအား  ဘဝ တစ်သက်တာ   ပညာသင်ကြားခွင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း အသိအမှတ်ပြုရေးနှင့် ဆက်လက် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ဖော်ဆောင် ရေး” ဆိုင်ရာအကြံပြုချက်  ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသူ များက ဝိုင်းဝန်းဆွေးနွေးကြသည်။ 
အလားတူ Parallel Session 4 မှ နည်းပညာ၊ သက်မွေးပညာနှင့်  လေ့ကျင့်ရေးဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် နည်းပညာနှင့် သက်မွေးပညာရပ်များကို ထိရောက်စွာသင်ကြား၍ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရေး” ဆွေးနွေးပွဲခေါင်းစဉ်မှ “လုပ်ငန်းခွင်   လက်တွေ့ အသုံးကျမည့် စက်မှုဆိုင်ရာ သက်မွေးပညာသင်တန်း များအတွက် သင်ယူနိုင်သော အခွင့်အလမ်းများတိုးချဲ့‌ ဆောင်ရွက်ရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ် များ၊ “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ  သက်မွေးပညာသင်တန်းများ အတွက်   သင်ယူနိုင်သောအခွင့်အလမ်းများ    တိုးချဲ့‌ ဆောင်ရွက်ရေးနှင့်   လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ် များ၊ “အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် အစီအစဉ် များဖော်ထုတ်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်း စဉ်များ၊  “ခေတ်နှင့်   လျော်ညီသောနည်းပညာနှင့် သက်မွေးပညာဆိုင်ရာ   သင်ရိုးညွှန်းတမ်းများ  ပိုမို ကောင်းမွန်အောင်ဆောင်ရွက်ရေး” ဆိုင်ရာအကြံပြု ချက်     ရှေ့လုပ်ငန်းစဉ်များ၊    “လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုအတွက် သက်မွေးပညာရေး မြှင့်တင်ရေး” ဆိုင်ရာ   အကြံပြုချက်     ရှေ့လုပ်ငန်းစဉ်များနှင့်  “ရေရှည်တည်တံ့ခိုင်မြဲသော သက်မွေးပညာရေးစနစ် ဖြစ်မြောက်‌အောင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များဖော်ဆောင်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်း စဉ်တို့ကို အနှစ်ချုပ်ဖတ်ကြားတင်ပြရာ တက်ရောက် လာသူများက ပါဝင်ဆွေး‌နွေးကြသည်။
အကြံပြုရှေ့လုပ်ငန်းစဉ်များဆွေးနွေး
 Parallel Session 5 မှ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာယဉ်မျိုးသူ က  “ အဆင့်မြင့် ပညာကဏ္ဍတိုးတက်ရေးနှင့်အသိပညာရှင် အတတ် ပညာရှင်များမွေးထုတ်ရေး” ဆွေးနွေးပွဲ ခေါင်းစဉ်မှ “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်  သင်ကြားရေး” ဆိုင်ရာအကြံပြု ရှေ့လုပ်ငန်းစဉ်များ၊ “နည်းပညာအသုံးပြု သင်ကြား သင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ်အကောင်အထည်ဖော်မည့် အစီအစဉ်များ ဖော်ထုတ်ရေး” ဆိုင်ရာအကြံပြု ရှေ့လုပ်ငန်းစဉ်များ၊ “သင်ယူမှုရလဒ်များကို တိုးတက် ကောင်းမွန်အောင်  ဆောင်ရွက်ပေးနိုင်မည့်  ရလဒ် အခြေပြုပညာရေးစနစ်”ဆိုင်ရာ အကြံပြုရှေ့လုပ်ငန်း စဉ်များ၊    “တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပရိဝုဏ်    သန့်ရှင်းသာယာခံ့ညားရေး” ဆိုင်ရာအကြံပြု ရှေ့လုပ်ငန်းစဉ်များ၊ “ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ ခေတ်မီစေရေး” ဆိုင်ရာ အကြံပြု ရှေ့လုပ်ငန်းစဉ်များနှင့်     “နိုင်ငံစီးပွားတိုးတက်ရေး အတွက် စီးပွားရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရေး” ဆိုင်ရာ အကြံပြုရှေ့လုပ်ငန်းစဉ်များ အနှစ်ချုပ်တို့ကို စာတမ်းရှင်များအားလုံးကိုယ်စား ဖတ်ကြားတင်ပြ ကာ တက်ရောက်လာသူများက ဆွေးနွေးကြသည်။
Parallel Session 6 မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆွေလင်းက “သုတေသနနှင့် တီထွင် ဆန်းသစ်မှု   မြင့်မားရေး”   ဆွေးနွေးပွဲခေါင်းစဉ်မှ “ဘွဲ့ကြိုသင်တန်းများတွင်    ဘွဲ့ယူသုတေသန ပရောဂျက်အစီအစဉ်များ  ထည့်သွင်းရေး”   ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “သယံဇာတနှင့်သဘာဝ ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက်  အဆင့်မြင့် ပညာ၏အရေးပါမှု” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ် များ၊ “နည်းပညာအခြေပြု   စာရေရိက္ခာဖူလုံရေး” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “တက္ကသိုလ်နှင့် လုပ်ငန်းခွင်ချိတ်ဆက်ရေး” ဆိုင်ရာ အကြံပြုရှေ့လုပ်ငန်း စဉ်များ၊ “အသေးစား၊ အငယ်စား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများအထောက်အကူပြုအသုံးချ သုတေ သနများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး” ဆိုင်ရာ အကြံပြု ရှေ့လုပ်ငန်းစဉ်များနှင့် “သုတေသနဖွံ့ဖြိုးတိုးတက် ရေး  မူဘောင်ချမှတ်နိုင်ရေး”  ဆိုင်ရာ   အကြံပြု ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြား တင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။ 
Parallel Session 7 မှ ဆရာအတတ်ပညာ ဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ်   ဒေါ်အေး ဖြူဇင် က “အရည်အသွေးရှိသော ဆရာ  ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပျိုးထောင်ရေး”   ခေါင်းစဉ်မှ   “ပညာရေးကဏ္ဍအလိုက် ဆရာ ဆရာမများ လုံလောက် စွာဖြည့်ဆည်းပေးနိုင်ရေးအစီအစဉ်များ ထည့်သွင်း ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “ဆရာ ဆရာမများ ပြုန်းတီးမှုလျော့ပါးစေရေးနှင့်လုပ်ငန်းခွင်ပျော်မွေ့စေရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်း စဉ်များ၊“လုပ်ငန်းခွင်အကြိုသင်တန်းနှင့် လုပ်ငန်းခွင် အတွင်း မွမ်းမံသင်တန်းများ တက်ရောက်စေရေး” ဆိုင်ရာအကြံပြုချက်   ရှေ့လုပ်ငန်းစဉ်များ၊   “နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍရှိ ဆရာ ဆရာမများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး”ဆိုင်ရာ အကြံပြုချက်ရှေ့လုပ်ငန်းစဉ်များ၊ “ဆရာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)နှင့်  ကျောင်းတွင်းအရည်အသွေး အာမခံမှု (IQA) တို့ချိတ်ဆက်၍ ဆရာအရည်အသွေးမြင့်မားစေ ရေး” ဆိုင်ရာ အကြံပြုချက် ရှေ့လုပ်ငန်းစဉ်များနှင့် “ဆရာ ဆရာမများ အရည်အသွေးစဉ်ဆက်မပြတ်  လေ့ကျင့်ပေးရေးဆိုင်ရာ အကြံပြုချက် ရှေ့လုပ်ငန်းစဉ် တို့ကို  အနှစ်ချုပ်ဖတ်ကြားကြပြီး တက်ရောက်လာသူ များက တက်ကြွစွာဆွေးနွေး အကြံပြုကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)၏ ဆွေးနွေးမှုအနှစ်ချုပ်အစီရင်ခံစာကို တင်ပြသည်။
သမိုင်းမှတ်တိုင် စိုက်ထူ
ထို့နောက်    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ညွန့်ဖေက သုံးရက်တာကာလအတွင်း အနာဂတ် ပညာရေးတိုးတက်ကောင်းမွန်ရေးအတွက် အားကြိုး မာန်တက်ဖြင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများအားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါကြောင်း၊ အချိန်ကာလ   တိုတောင်းသော်လည်း     ပညာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုတို့ ညီညီ ညွတ်ညွတ်   စုပေါင်း၍   ကျင်းပပြုလုပ်နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ (၂၀၂၃) သည် အောင်မြင်သည့်  ညီလာခံကြီးတစ်ခု ဖြစ်ပါကြောင်းနှင့် ညီလာခံကြီးသည် အနာဂတ်ပညာ ရေးတိုးတက်ကောင်းမွန်ရေးအတွက် ပညာရေးနှင့် သက်ဆိုင်သောဝန်ကြီးဌာနအားလုံး စုပေါင်းညီညာ စွာဖြင့် အောင်မြင်စွာပထမဦးဆုံး ကျင်းပနိုင်ခဲ့သည့် သမိုင်းမှတ်တိုင် စိုက်ထူခဲ့ပြီဖြစ်ပါကြောင်းဖြင့် နိဂုံး ချုပ်အမှာစကားပြောကြားကာ ညီလာခံကိုအောင်မြင် စွာပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။
သတင်းစဉ်