မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် ချမှတ်ခဲ့သည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဩဂုတ်    ၂၄


အခြေခံပညာကဏ္ဍအတွက် ဆရာ၊ ဆရာမ အင်အား ပြည့်မီရေး Human Resource Plan ရေးဆွဲဆောင် ရွက်ရန်၊ တစ်ကျောင်းချင်း၊  တစ်တန်းချင်း၏ တန်းခွဲ အရေအတွက်၊ ကျောင်းသားဦးရေနှင့် ဆရာအချိုး၊  Module    အရေအတွက်နှင့်    ဆရာအချိုးကြည့်၍ ကျောင်းများတွင် ပိုနေသောဆရာများကို လိုနေသော နေရာသို့    Transfer     ရွှေ့ပြောင်းနိုင်ရေးအတွက် စိစစ်တင်ပြကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    ဒေါက်တာညွန့်ဖေက  ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာ ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၃  တွင်     ချမှတ်ခဲ့သည့်    လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်းသည့်    ညှိနှိုင်းအစည်းအဝေးတွင်       ပြော ကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အနာဂတ် ပညာရေးကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကို မေ ၁၈ ရက်မှ  ၂၀   ရက်အထိ  ကျင်းပခဲ့ပြီး   ရှေ့လုပ်ငန်းစဉ်များကို အခြေခံပညာကဏ္ဍ၊   သက်မွေးပညာကဏ္ဍ၊   ဆရာ အတတ်ပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ သုတေ သနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဟူ၍ ကဏ္ဍ ၅ ခု ခွဲကာ  ရေတိုနှင့် ရေရှည် လုပ်ငန်းစဉ်ပေါင်း ၁၄၃ ခု ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။


ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်းများ  ဖွင့်လှစ်ရန်နှင့် နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဇုန် အလိုက် တိုးချဲ့ဖွင့်လှစ်ရေးစီမံချက်များ ရေးဆွဲတင်ပြ ရမည်ဖြစ်ကြောင်း၊ BEd (စာပေးစာယူ) ဘွဲ့ရပြီးပါက  အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် တာဝန်ချ  ထားရာနေရာ၌ သတ်မှတ်ကာလအတိုင်း မဖြစ်မနေ  တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ သက်မွေး ပညာကဏ္ဍအတွက်  စက်မှု၊  စိုက်ပျိုး၊  မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများကို ၁၂၆ ခရိုင်တွင်  ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားအင်အားများ သော မြို့နယ်များပါဝင်သည့် ခရိုင်များတွင် တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲထားကြရမည် ဖြစ်ပါ ကြောင်း၊  KG+12  စနစ်နှင့်  ချိတ်ဆက်ရန်အတွက် ဘွဲ့ကြိုတန်း   Curriculum  နှင့်  Syllabus  များကို ဆန်းစစ်မွမ်းမံကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)၏ ရှေ့လုပ်ငန်းစဉ် များကို    အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ရေး  ညီညီညွတ်ညွတ်      လက်တွဲဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က  မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် ချမှတ်ခဲ့သော   အကောင်အထည်ဖော်   ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက  အခြေခံပညာကျောင်းများအတွက်  Master  Plan  ရေးဆွဲရေး၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ရေးနှင့်  စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သေချာကြပ်မတ်စိစစ်ပြီး        တင်ပြကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက် ကြပြီး ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊   ကျောင်းအုပ်ကြီးများ၊   တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက       ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။                        

သတင်းစဉ်