
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) သည် ၁၉၀၆ ခုနှစ်ကစ၍ “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာ” လုပ်ငန်းစဉ်များကို လွတ်လပ်ရေးရရှိသည်အထိ ဆောင်ရွက်ခဲ့သော မြန်မာ့လွတ်လပ်ရေးရှေ့ဆောင် သမိုင်းဝင်အသင်းကြီး ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံရေးကို အကြောင်းပြ၍ ရဟန်းသံဃာတော်အရှင်သူမြတ်များ၊ ပညာ သင်ကြားပေးနေသော အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ် ကျောင်းသား ကျောင်းသူများအား အကြမ်းဖက် အဖွဲ့အစည်းများက နေရာအနှံ့တွင် လုပ်ကြံသတ်ဖြတ်နေခြင်းများကို ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် အပ်ပါသည်။
အမှုဆောင်အဖွဲ့
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA