မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

နေပြည်တော် ဇွန် ၂၂

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မူဝါဒများချမှတ်

ရှေးဦးစွာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခု အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအား ဖွဲ့စည်း ထားရှိခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုး သမီးများအတွက် လိုအပ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ် ပေးခြင်း၊ ဥပဒေများ ရေးဆွဲ အတည်ပြုခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆက်သွယ် ဆောင်ရွက်ပေးခြင်း တို့ကို အဓိကတာဝန်ယူ ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများကို သတင်းပို့ တိုင်ကြား နိုင်ရေးအတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ကတည်းက စတင်ထူထောင်ပြီး အကြမ်းဖက်ခံရသူများကို စိတ် လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာ များ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင် ခရီးစရိတ်နှင့် အသက်မွေးဝမ်း ကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ အခြားသော ဝန်ဆောင်မှုများ ရရှိ နိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်း များကို လူမှုရေးရာဖြစ်ရပ် စီမံ ခန့်ခွဲသူ (Case Manager) (၂၅၀) ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း။

ဝန်ဆောင်မှုများပေး

အကြမ်းဖက် ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက် ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ စောင့်ရှောက်ပေး နိုင်ရေး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော် ၊ မုံရွာ စသည့် နေရာခြောက်ခုတွင် One Stop Women Support Center (OSWSC) များ ဖွင့်လှစ် ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း ပြောကြား သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ များက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်ဌာန ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍ အလိုက် ဆွေးနွေးကြသည်။

ဆုံးဖြတ်ချက်(၉)ရပ်ချမှတ်

အစည်းအဝေးတွင် အမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆုံးဖြတ်ချက် (၉)ရပ်ကို ချမှတ်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်