မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ်များ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၁၁
မြန်မာနိုင်ငံ    ခရီးသွားလုပ်ငန်း ရေရှည်      ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူ့နီတိနှင့် ကျင့်ဝတ် များ “Civics vs Ethics : Susta-inable Tourism Development For Myanmar” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို   ယနေ့ နံနက်ပိုင်းတွင်          ဟိုတယ်နှင့် ခရီးသွားလာရေး    ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌    ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အလုပ်ရုံ         ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်      ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြည်သူ့ နီတိသည်  ပြည်သူပြည်သားများ အကျိုးစီးပွား   တိုးတက်စေရန် နိုင်ငံသားတိုင်း စောင့်ထိန်းရမည် တို့ကို လမ်းညွှန်ထားခြင်းဖြစ်ပါ ကြောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သောအသိ၊ အပြုအမူများ ကို   စနစ်တကျ ဝေဖန်ပိုင်းခြား ကျင့်သုံးတတ်ရန်၊ လူ့အခွင့်အရေး များကို    တန်ဖိုးထားလေးစားပြီး နိုင်ငံသားတစ်ဦး၏      တာဝန် ဝတ္တရားများကို   လိုက်နာကျင့်သုံး တတ်ရန်၊ နိုင်ငံ့သားကောင်းအဖြစ် သာမက ကမ္ဘာ့နိုင်ငံသားတစ်ဦး အဖြစ်  တန်ဖိုးထားပြုမူနေထိုင် တတ်ရန်ဖြစ်ပါကြောင်း၊ ပြည်သူ့ နီတိတွင် လူမှုကျင့်ဝတ်နယ်ပယ်၊ အခွင့်အရေးနှင့် တာဝန်နယ်ပယ်၊ စည်းကမ်းနှင့် ဥပဒေနယ်ပယ်နှင့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခြင်း နယ်ပယ်ဟူ၍  နယ်ပယ် (၄) ရပ်ရှိပါကြောင်း။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်ကလည်း ဒေသခံများအတွက် အကျိုးကျေးဇူး       အများဆုံးရရှိ စေပြီး       ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေး မှု       အမွေအနှစ်များအပေါ် သက်ရောက်စေမည့် ဆိုးကျိုးများ ကို  လျှော့ချရန်နှင့်  ကမ္ဘာ့နိုင်ငံ အားလုံးအကြား     စီးပွားရေး သာယာဝပြောရေး၊ ငြိမ်းချမ်းရေး နှင့် နားလည်မှုတို့ကို ချဲ့ထွင်နိုင် ရန် ရည်ရွယ်ပြီး “ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကျင့်ဝတ်များ” (Global Code of Ethics for Tourism)  ကို   ချမှတ်ရေးဆွဲ ထားပါကြောင်း၊     ခရီးသွားကဏ္ဍ တွင် ပါဝင်ဆောင်ရွက်ကြသူများ၏ တာဝန်ရှိမှု၊     တာဝန်သိမှုသည် လည်း ခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အရေး ပါသော    အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့ နီတိအကြောင်း  သိကောင်းစရာ များ၊     ခရီးသွားကျင့်ဝတ်များ၊ ခရီးသွားလုပ်ငန်း    နယ်ပယ်ရှိ စီးပွားရေးဆိုင်ရာ  ကျင့်ဝတ်များ၊ လူ့အဖွဲ့အစည်းနှင့်    ပရဟိတ စသော    ခေါင်းစဉ်အသီးသီးကို သေချာစွာ    ဆွေးနွေးကြစေလို ပါကြောင်း ပြောကြားသည်။ 
ထို့နောက် မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်     ဥက္ကဋ္ဌ ဦးရန်ဝင်းက    အလုပ်ရုံဆွေးနွေး ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန      အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်နှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း တို့က Keynote Speaker များ အဖြစ် ဆွေးနွေးပြောကြားသည်။ 
ယင်းနောက်     ပြည်သူ့နီတိ ဆိုင်ရာ ပညာပေးခြင်း၊ ခရီးသွား ဧည့်သည်များ၏  ကျင့်ဝတ်များ၊ ခရီးသွားလုပ်ငန်းနှင့်   ဆက်စပ် လုပ်ငန်းအဖွဲ့အစည်းများ၏ ကျင့်ဝတ် များ၊   ဒေသခံပြည်သူများနှင့်       စေတနာ့ဝန်ထမ်းများ၏ ကျင့်ဝတ် များစသည့် ခေါင်းစဉ်များဖြင့် အဖွဲ့ လေးဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြပြီး အဖွဲ့ ကိုယ်စားလှယ်များက သက်ဆိုင် ရာ   ခေါင်းစဉ်အလိုက်  စကားဝိုင်း ဆွေးနွေးမှုများ ပြုလုပ်သည်။ 
ထို့နောက် အလုပ်ရုံဆွေးနွေး ပွဲ၏    သဘာပတိ  ဟိုတယ်နှင့် ခရီးသွားလာရေး     ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ   ထွက်ပေါ် လာသည့်ရလဒ်များကို   အကျဉ်း ချုပ်        ရှင်းလင်းတင်ပြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့ လိုက်        ကိုယ်စားပြုသူများကို ဂုဏ်ပြုလက်မှတ်များ    ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 သတင်းစဉ်