
နေပြည်တော် မေ ၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်း များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၅၄) အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ Academy for International Business Officials (AIBO) တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အတွေ့အကြုံမျှဝေခြင်း ဆိုင်ရာဆွေးနွေးပွဲ” ကို ယနေ့မွန်းလွဲပိုင်း က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသိပညာ မျှဝေဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် မိမိတို့သင်ကြား လေ့လာ မှတ်သားခဲ့ရသည့်၊ ကိုယ်တိုင် ဆောင်ရွက်ခဲ့ရသည့် အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါ ကြောင်း၊ ယနေ့ဆွေးနွေးမည့် အကြောင်းအရာသည် မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးအတွက် တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းဖြစ်ကြောင်း၊ ယနေ့ အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ ICT နည်းပညာနှင့် ဉာဏ်ရည်တု (Artificial Intelligence AI) နည်းပညာ တို့တွင် ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) သည်လည်း ကမ္ဘာ့ ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအပိုင်း တွင် ပြည်တွင်း၌သာမက ပြည်ပ နိုင်ငံများကိုပါ ရင်းနှီးမြှုပ်နှံ မှုများကို အများဆုံး ဖိတ်ခေါ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အဓိက အရေးကြီးပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ အသေးစိတ် တင်ပြ ဆွေးနွေးသွားမည်ဖြစ် သဖြင့် တက်ရောက်လာကြသူများ က စိတ်ပါဝင်စားစွာ ဝိုင်းဝန်း ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေနွေး
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြသီတာက မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် လွယ်ကူချောမွေ့စေရေး အတွက် တရုတ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးဆိုင်ရာ ဆောင်ရွက်မှု အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေနွေး ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူဗဟိုပြုသည့် နည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်း များက သိရှိလိုသည်များကို ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြ သည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် အရာထမ်း/ အမှုထမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်