မြန်မာနိုင်ငံဒေသမျိုးရင်း  ဇီဝအမွေအနှစ် ကမ္ဘာ့ရှားပါး  ရခိုင်တောင်လိပ်များ

Type
777

 

 

သိန်းညွန့်(PZL)

 

မြန်မာနိုင်ငံ၏  ဇီဝအမွေအနှစ်  ကမ္ဘာ့ ရှားပါး   လိပ်မျိုးစိတ်ဖြစ်သော   ရခိုင် တောင်လိပ်များကို  ရခိုင်ပြည်နယ် ဂွမြို့ နယ်   ရခိုင်ရိုးမ    ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး    ဝင်းခြံအတွင်း၌  ထိန်းသိမ်းစောင့်ရှောက်ထားသည်။
စနစ်တကျမွေးမြူ
ရခိုင်ရိုးမဆင်ဘေးမဲ့တောတွင် ရခိုင် တောင်လိပ်များကို စနစ်တကျ  မွေးမြူ စောင့်ရှောက်ထားပြီး ဥဥချိန်မှ  အစ စာရင်းကောက်ယူကာ ပေါက်ပွားသည့် ခုနှစ်အလိုက် မှတ်တမ်းများပြုစုလျက် ရှိသည်။ အဆိုပါလိပ်မျိုးစိတ်များ တိုးပွား စေရေးအတွက် ၂၀၀၅ ခုနှစ်မှ စတင်၍ ခြံတည်ဆောက်ကာ လိပ်ငါးကောင်ကို စတင် မွေးမြူထိန်းသိမ်းလာခဲ့ရာ ယခု အခါ အကောင်ရေ ၄၀  ကျော်ခန့်အထိ ပေါက်ပွားနေပြီဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်အမည် (Rakhine Forest Turtle)၊ သိပ္ပံအမည် (Heosemys de-pressa) ဟုခေါ်ဆိုသည့် ရခိုင်တောင်လိပ် သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော   ဒေသရင်းမျိုးစိတ်ပင် ဖြစ်သည်။
မြန်မာနိုင်ငံ   အပူပိုင်း  အမြဲစိမ်း သစ်တော၊ ဝါးတောများနှင့် ရံဖန်ရံခါ၌ စမ်းချောင်းငယ်များ   တစ်လျှောက်၌ လည်း   ပေါက်ပွားရှင်သန်လေ့ရှိသည်။အထူးသဖြင့် ရခိုင်ပြည်နယ် တောင်ဘက် ပိုင်း  သံတွဲနှင့် ဂွမြို့နယ်တို့တွင်  တွေ့ရှိ နိုင်ပြီး  မြန်မာနိုင်ငံ၏  ဇီဝအမွေအနှစ် ရတနာလိပ်မျိုးစိတ်တစ်မျိုး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးယခင်က ပေါများစွာ တွေ့ခဲ့ရသော်လည်း ယခုအခါ တတိယ ရှားပါးသောမျိုးစိတ်ဖြစ်နေပြီး     နှစ် အနည်းငယ်အတွင်း မျိုးသုဉ်းပျောက်ကွယ် သွားနိုင်သည့်  လိပ်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ  လိပ်မျိုးစိတ်ကို     ဒေသ အလိုက် ရခိုင်လိပ်၊  လိပ်ပျင်း   (ချင်း)၊ ဗိုက်ဝါလိပ်၊ ဘီးကြားလိပ်၊  ပြန့်လိပ်ဟု ခေါ်ဆိုကြပြီး အစုံစားသတ္တဝါတစ်မျိုးပင် ဖြစ်သည်။
မြန်မာမျိုးရင်းစစ်စစ်တွေ
“ဒီရခိုင်တောင်လိပ်တွေက  မြန်မာ့ မျိုးရင်းစစ်စစ်တွေပါ။ ပြည်ပနိုင်ငံတွေမှာ လည်း  ဒါမျိုးမရှိဘူး။   မြန်မာမျိုးရင်း စစ်စစ်တွေ မျိုးသုဉ်းနိုင်တဲ့ အနေအထား ရှိနေလို့   သားဖောက်   ထိန်းသိမ်းထား ရတာပါ။  နောက်ပြီး    ဒီလိပ်တွေက တစ်နှစ်မှ  တစ်ကြိမ်ပဲ    ဥဥ​ကြတာ။ တစ်ကြိမ်ဥရင် သုံးလုံးနဲ့ ခုနစ်လုံးလောက် ပဲ  ဥတယ်။   ခုနစ်လုံး   ဥတယ်ဆိုတာ တော်တော်ရှားပါတယ်။ ပြီးတော့ ဥဥ တိုင်းလည်း   အကုန်လုံး   အကောင် မပေါက်ဘူး။ တစ်ကောင်၊  နှစ်ကောင် လောက်ပဲ ပေါက်တာ။  တခြားလိပ်တွေ ဆိုရင်  တစ်နှစ်ကို   သုံးလေးခါလောက် ဥဥပြီး သားပေါက်နှုန်းကလည်းကောင်း တယ်။ အဲဒါကြောင့် တခြားလိပ်တွေနဲ့ နှိုင်းစာရင် ဥဥနှုန်းရော သားပေါက်နှုန်းပါ အားနည်းတဲ့ လိပ်မျိုးစိတ်လို့  ပြောနိုင် ပါတယ် ” ဟု ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ဦးက   ပြော ကြားသည်။
မျိုးသုဉ်းမည့်အန္တရာယ်
ရခိုင်တောင်လိပ်မျိုးစိတ်ကို အပြည် ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့   (IUCN)က   မျိုးသုဉ်းလုနီးပါး  အန္တရာယ်ရှိသော မျိုးစိတ် (Critically endangered species) အဖြစ် သတ်မှတ် ထားပြီး မြန်မာနိုင်ငံတွင်လည်း သယံ ဇာတနှင့်     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့် နှစ် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်(၆၉၀/၂၀၂၀)အရ  မျိုးသုဉ်းမည့်   အန္တရာယ်ရှိသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်    လုံးဝ ကာကွယ်ထားသည့် ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါစာရင်းတွင် ထည့်သွင်း ထားကြောင်း သိရသည်။
လူများက စားသောက်ရန်အတွက် ဖမ်းဆီးခြင်း၊    နေထိုင်ကျက်စားရာ သစ်တောများ   နည်းပါးလာခြင်း၊   နိုင်ငံ တကာသို့ ရောင်းဝယ်ဖောက်ကားခြင်း စသည့် အကြောင်းခြင်းရာများကြောင့်   ရခိုင်တောင်လိပ်များမှာ အရေအတွက် နည်းပါးမှုဖြစ်စဉ်နှင့်   ကြုံတွေ့ခဲ့ကြရ သည်။
သို့ဖြစ်ခြင်း​ကြောင့် မြန်မာနိုင်ငံတွင် ရခိုင်တောင်လိပ်များကို သစ်တောဦးစီး ဌာန၊   သဘာဝဝန်းကျင်နှင့်    သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊   ရခိုင်ရိုးမ ဆင်ဘေးမဲ့တောဝန်ထမ်းများက လိုအပ် ချက်များ     ဖြည့်ဆည်းပေးနေသလို အခြား တစ်ဖက်တွင်လည်း    ကျန်းမာရေး စောင့်ရှောက်မှုနှင့် သားဖောက်မှုလုပ်ငန်း များကို   သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA) မှ   ဝန်ထမ်းများ၏   ပူးပေါင်း အားထုတ်မှုဖြင့်   စနစ်တကျ   ကာကွယ် ထိန်းသိမ်းထားကြောင်း   ဝမ်းမြောက် ဖွယ်ရာ    သတင်းစကား   ပါးလိုက်ရပါ သည်။    ။