မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အရန်ဆန်များ‌ရောင်းချရန်စီစဉ်နေ

 

ရန်ကုန်   ဇူလိုင်     ၂၈ 


ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီ များ၏  ပူးပေါင်းပါဝင်မှုဖြင့်  စုပေါင်းထားသောအရန်ဆန်များ၊   အခြား  သောအစီအစဉ်ဖြင့် စီစဉ်ထားသောအရန်ဆန်များကို မကြာမီဈေးကွက် အတွင်းသို့  အမြန်ဆုံးထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ   ဆန်စပါးအသင်းချုပ်၏   သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


ကနဦးအနေဖြင့် (၂၅ ရာခိုင်နှုန်းအဆင့် Singel Polished&Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ ၅၀၀၀၀ကို ဦးစွာ ထုတ်ရောင်းသွားမည်ဖြစ်ပြီး  လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ကြောင်း သိရ  သည်။ ထို့ကြောင့် အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်  စေရေးအတွက်လည်းကောင်း၊   စားသုံးသူပြည်သူများအတွက် ပစ္စည်း မှန်၊ ဈေးနှုန်းမှန်ဖြစ်စေရေးအတွက်လည်းကောင်း လိုအပ်သည်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍စီစဉ်သွားမည်ဖြစ်သည်။ ထို့ပြင် သိုလှောင်ရုံ မှတ်ပုံတင်မှု၊   သိုလှောင်ရုံစစ်ဆေးမှုများကို  ဆက်လက်စီစဉ်ဆောင်ရွက် သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ဆန်ဖူလုံမှုအပြည့်အဝရှိပြီး ပိုလျှံမှုကို  ပြည်ပသို့ စနစ်တကျတွက်ချက်တင်ပို့ရောင်းချနေကြောင်း၊  လတ်တလော   ပြည်တွင်းဆန်စပါးဖူလုံလောက်မှု   အပြည့်အဝရှိနေ ကြောင်း၊ ထို့‌ကြောင့်   သတင်းမှားများ၊  ကောလာဟလများကြောင့်   စားသုံးသူများစိုးရမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်ခြင်း၊  စိုးရိမ်ပူပန်ခြင်း များ  မဖြစ်ကြစေလိုကြောင်း၊ လိုအပ်မှုရှိမှသာဝယ်ယူရန် မေတ္တာရပ်ခံ ထားကြောင်း သိရသည်။                 

အာကာလင်း