နေပြည်တော် ဇွန် ၁၀
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး ဆောင်ရွက်သည့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပခုက္ကူစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးသိန်းခိုင်ဦး(ပခုက္ကူမြို့ကိုယ်စားလှယ်)နှင့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်း ရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့်အဖွဲ့ဝင်များ၊ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပခုက္ကူဦးအုံးဖေစာပေဆု ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အမှာစကားပြောကြားသည်။
ဆက်လက်၍ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က ရန်ပုံငွေ အခြေ အနေနှင့် ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဆွေးနွေးညှိနှိုင်းကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



