မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

 

ရန်ကုန်  ဧပြီ  ၁၂


မြန်မာ့နှစ်သစ်ကူးအား     ကြို‌ဆို သောအားဖြင့်  မြန်မာနိုင်ငံဘာသာ ပေါင်းစုံ     ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)  ဦးဆောင်၍   တိုင်း၊ ခရိုင်၊       မြို့နယ်အဖွဲ့ဝင်များ စုပေါင်းပြီး       ဒုတိယနေ့အဖြစ်  သွေးဆက်လက်        လှူဒါန်းပွဲကို ဧပြီ ၁၂ ရက်     နံနက် ၉ နာရီက အမှတ်(၂)       တပ်မတော်ဆေးရုံ (ခုတင် ၅၀၀)    သွေးလှူဘဏ်၌ ပြုလုပ်သည်။

 


သွေးလှူဒါန်းပွဲသို့ တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ      ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး     အဖွဲ့ဝင် ၄၁ ဦးတို့က    စုပေါင်းသွေးလှူဒါန်း ခဲ့ကြသည်။

 


ကြည့်ရှုအားပေး 


သွေးလှူဒါန်းရာသို့ အမှတ်(၂)တပ်မတော်ဆေးရုံ  (ခုတင် ၅၀၀)မှကုသမှု အကူဌာနကြီးမှူး၊ ဒုတိယ ဗိုလ်မှူးကြီး ဝေမိုးသိန်း၊  ဘာသာ ပေါင်းစုံ     ချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော   ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊    အတွင်းရေး မှူး/  ဘဏ္ဍာရေးမှူး ဦးအောင်မျိုး သန့်၊            တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်ခင်မေနှင့်  တာဝန်ရှိသူများ က    လာရောက်ကြည့်ရှုအားပေး ကြသည်။

 


ထို့နောက်   ကုသမှုအကူဌာန ကြီးမှူး ဒုတိယဗိုလ်မှူးကြီး ဝေမိုး သိန်းက       သွေးလှူဒါန်းခြင်း အတွက်    ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ    အဖွဲ့  (ဗဟို)  ဥက္ကဋ္ဌ  ဦးဝဏ္ဏ    လက်ခံရယူပြီး    ဆေးရုံ အတွက်        အထောက်အကူပြု   ဆေးပစ္စည်းများကို      အဖွဲ့ဝင်များ ကိုယ်စား        (ဗဟို) ဥက္ကဋ္ဌနှင့်   ကမာရွတ်ခရိုင်ဥက္ကဋ္ဌ   ဒေါက်တာ  အောင်မိုးတို့က ပေးအပ်လှူဒါန်း ရာ  ဒုတိယဗိုလ်မှူးကြီး ဝေမိုးသိန်း က  လက်ခံရယူသည်။


ကိုကြီးတင်