မြန်မာနိုင်ငံအတွင်း မည်သူက အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည်၊ မည်သူက အပြစ်မဲ့ပြည်သူလူထုကို သတ်နေသည်ကို သက်သေ အထောက်အထားများ ခိုင်ခိုင်လုံလုံရှိ

သက်ဆိုင်သည့်အဖွဲ့အစည်းများက သက်ဆိုင်ရာ တရားဝင်လမ်းကြောင်းအတိုင်း တောင်းခံလာပါက ဖြေရှင်းပေးရန်အသင့်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို   စက်တင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင်     ပြန်ကြားရေးဝန်ကြီးဌာန၌  ကျင်းပပြုလုပ်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးတို့က  သတင်းမီဒီယာများ၏  သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

(ယမန်နေ့မှအဆက်)


97 သတင်းမီဒီယာမှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ပြင်ဦးလွင်ဒေသတွင် One Village၊ One Product စနစ်ဖြင့် ကော်ဖီစိုက်ပျိုး ရေးလုပ်ငန်းများကို အထွက်နှုန်းကောင်းမွန်စေ ရန်အတွက် Quality Product ဖြစ်စေရန် ကူညီ ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိသည်ဟု သိရှိရ ကြောင်း၊  ကော်ဖီ  စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပတ်သက်၍    နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ ကူညီဆောင်ရွက်ပေးနေပါသလဲ၊   နောင်လည်း ဘယ်လိုကူညီဆောင်ရွက်ပေးရန်ရှိသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ကော်ဖီစိုက်ပျိုးခြံ များကို သွားရောက်သည့်အခါ ကော်ဖီစိုက်ပျိုးသည့် တောင်သူများနှင့်    နိုင်ငံတော်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊  ထိုတောင်သူများဆီက အကြံဉာဏ်များကိုလည်း   ရယူခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်သွားမည့်  ကော်ဖီလုပ်ငန်းနှင့် ပတ်သက်၍ အစုအဖွဲ့နှင့်    ဆောင်ရွက်ရန်၊ နံပါတ်နှစ်အချက်က Quality ထိန်းရန်၊  နံပါတ် သုံးအချက်က ကော်ဖီနှင့်ပတ်သက်၍  နိုင်ငံခြား ဈေးကွက်ချဲ့ထွင်၍   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊    နိုင်ငံခြားဈေးကွက်ချဲ့ထွင်ပြီး   ပုံမှန် နိုင်ငံခြားပို့ဆောင်ရေးလမ်းကြောင်းကို  ရရှိအောင် မိမိတို့   ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။


စိုက်ပျိုးရေးစရိတ်ချေးငွေ


Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာ စိုးမြင့်ဦးက ယခုအချိန် တောင်သူလယ်သမားများက စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်နေရသည့်ကာလဖြစ်ကြောင်း၊ ယင်းစိုက် ပျိုးရေးစရိတ်ချေးငွေ ပြန်ဆပ်သည့်အချိန်ကာလ နောက်ကျသည့်အတွက် ဒဏ်ကြေးငွေ သတ်မှတ် ပေးသွင်းရသည်ဟု  ကြားသိရကြောင်း၊  ထိုပေး သွင်းရသည့်ပမာဏက   သိပ်မများသော်လည်း တောင်သူလယ်သမားများက ဝင်ငွေတော်တော် လေးကျပ်တည်းနေသည့်အတွက် ထိုဒဏ်ကြေးငွေ ကို ဖြေလျှော့ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်သလား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စက မူဝါဒ နှင့်ဆိုင်သည့်မေးခွန်းဖြစ်ကြောင်း၊    ယင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် သက်ဆိုင်သည့်လူများ အား ဖြစ်ပျက်နေသောအခြေအနေများကို သတင်း ပို့ပေးမည်ဖြစ်ကြောင်း၊  နည်းလမ်းနှစ်လမ်းရှိ ကြောင်း၊ တချို့ကလည်း  ပြန်မဆပ်လို၍လည်း ဖြစ်နိုင်ကြောင်း၊ တချို့ကလည်း တကယ်မဆပ်နိုင် ၍ ရှိကောင်းရှိလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ယခု ကာလ အကျပ်အတည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်ပတ်သက်ပြီး စီးပွားရေးပြန်လည်ကုစားရေးဆို ပြီး အစီအစဉ်များရှိကြောင်း၊ ထိုအစီအစဉ်ဘောင် အတွင်းက အကျုံးဝင်လျှင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာ စိုးမြင့်ဦးက စက်သုံးဆီဈေးနှုန်း    မြင့်တက်လာကြောင်း၊ မြင့်တက်မှုနှင့်အတူ အခြင်အတွယ်များနည်းနည်း ကွဲလွဲနေသလားဆိုသည်ကို  သံသယဖြစ်စရာ ရှိကြောင်း၊ ယခင်က ရန်ကုန်မှ နေပြည်တော်အထိ လာပါက စက်သုံးဆီကျပ်      ၂ ၀၀၀၀ ခန့် ထည့် လျှင် အဆင်ပြေကြောင်း၊ ဆီဖိုးမြင့်တက်မှုက နှစ်ဆ မဖြစ်ပေမယ့် ကုန်ကျစရိတ်ကနှစ်ဆလောက် ဖြစ်သွားကြောင်း၊ ယခင်က  တစ်လီတာကို  ကျပ် ၁၀၀၀ ဝန်းကျင်တွင် ကျပ်နှစ်သောင်းကုန်လျှင် ယခုအချိန်တွင် ၄၀၀၀၀ နှင့် မလုံလောက်သည့် အခက်အခဲရှိနေကြောင်း၊ ထိုအရာများကို စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ဆိုင်များတွင်ရောင်းချနေသည့် အခြင်အတွယ်များကို ပြန်လည်စစ်ဆေးပေးရန်  ရှိနိုင် မည်လားဆိုသည်ကိုသိလိုကြောင်း   မေးမြန်းသည်။ 
ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ် သက်၍ စက်သုံးဆီအရည်အသွေးနှင့်  စက်သုံးဆီ အခြင်အတွယ်များ တိုင်းတာစစ်ဆေးသည့် ဌာနများ ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး သံသယရှိပါက ၎င်းအဖွဲ့အစည်းနှင့်ဆက်သွယ်ပြီး ဆောင်ရွက်စေ လိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက (၇၆)ကြိမ် မြောက်  ကုလသမဂ္ဂအစည်းအဝေးတွင် ပြည်ပရောက် နေသည့် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံအတွင်း မှာ NLD၊ PDF အကြမ်းဖက်သမားများ၏ လုပ်ကြံ သတ်ဖြတ် ဖောက်ခွဲဖျက်ဆီးလုပ်ရပ်များကို ချပြပြီး မြန်မာနိုင်ငံသူ/ နိုင်ငံသားများလည်း ငြိမ်းချမ်းရေးကို သာအလိုရှိသည်ဟု  ဆန္ဒပြမှုများ  လုပ်ခဲ့ကြသလို ပြည်တွင်းမှ  လက်မှတ်ရေးထိုးကြပြီး  အားပေး ထောက်ခံမှုများရှိကြောင်း၊ ၎င်းအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏   သဘောထားအမြင် အနေအထား   မည်သို့ရှိသည်ကို   သိလိုကြောင်း၊  ထို့နောက် ရန်ကုန်မြို့ပေါ်တွင် ပြန်ကြားရေးသတင်း ဌာန၏ သတင်းထုတ်ပြန်ချက်များအရ မိမိတို့သိရှိ သည်မှာ NLD အမတ်ဟောင်း ဖြိုးဇေယျာသော်၏ ခိုင်းစေချက်များကြောင့် သေဆုံးရသူ၊ ပျက်စီးဆုံးရှုံးမှု များ များစွာဖြစ်နေကြောင်း၊  ဖြိုးဇေယျာသော်နှင့် ပတ်သက်၍ မည်သည့်အမှုများ ဖွင့်လှစ်ထားပါသလဲ၊ ၎င်းက   ပြည်တွင်း၌ရှိပါသေးသလား၊   ပြည်ပကို ထွက်ပြေးသွားပြီလားဆိုသည်ကို  သိလိုကြောင်း၊ နောက်တစ်ချက်အနေဖြင့် NLD၊ PDF အကြမ်းဖက် သူများ၏ ရန်ပြုစော်ကားခံနေရသည့် ပြည်သူများ အတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ ဆောင် ရွက်နေသည့်အခြေအနေများကို  ဖြေကြားပေး၍ ရသလောက်    ဖြေကြားပေးစေလိုကြောင်းမေးမြန်း သည်။ 


ပြည်ဖျက်မီဒီယာများကိုအခြေခံပြီး ရေးသား


ဗိုလ်ချုပ်  ဇော်မင်းထွန်းက  NUG အမည်ခံ အကြမ်းဖက်အဖွဲ့များကို နိုင်ငံခြားကနေ ကူညီပံ့ပိုး နေသည့်သူများ၊  နိုင်ငံခြားမှာရှိနေသူများက မြန်မာ နိုင်ငံနှင့်ပတ်သက်ပြီး  ပေးပို့နေသူများရှိကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံတို့ကို ပေးပို့နေ သည်များရှိကြောင်း၊ ICJ၊ ICC တို့ကို ပေးပို့နေသည် များရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး နံပါတ်တစ် အချက်  သတင်းများနှင့်ပတ်သက်ပြီး သတင်းအမှန် အတိုင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားပြီးဖြစ် ကြောင်း၊ အချို့နိုင်ငံကြီးများ၊ အချို့အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများကိုအခြေခံပြီး ရေးသားနေမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း မည်သူက အကြမ်း ဖက်လုပ်ငန်းများ  ဆောင်ရွက်နေသည်၊ မည်သူက အပြစ်မဲ့ပြည်သူလူထုကို သတ်နေသည်ကို သက်သေ အထောက်အထားများ   ခိုင်ခိုင်လုံလုံရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်သည့်အဖွဲ့အစည်းများက သက် ဆိုင်ရာ တရားဝင်လမ်းကြောင်းအတိုင်း တောင်းခံ လာပါက  ဖြေရှင်းပေးရန် အသင့်ရှိသည်ဟု ပြောလို ကြောင်း၊ ဖြိုးဇေယျာသော်နှင့်ပတ်သက်၍ ရန်ကုန်မြို့ အတွင်း၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ ဗုံးပေါက်ကွဲတိုက်ခိုက်မှုအများစုက ထိုလူနှင့်ပတ်သက် နေသည်ကို တွေ့ရကြောင်း၊ ထိုလူနှင့်ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင် ပစ္စည်း‌ဖျက်ဆီးမှုဥပဒေစသည့် လူသတ်မှု၊ လူသေ စေမှု၊ အားပေးမှုဥပဒေများနှင့် ထိုသူကို တရားစွဲဆို ထားကြောင်း၊  ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ် ကြောင်း၊ ဖမ်းဆီးရမိအောင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊   လယ်ယာမြေနှင့်ပတ်သက်၍ မည်သည့်‌နေရာတွင်ဖြစ်သည်ကို တိတိကျကျလေး ထည့်ပေးစေလိုကြောင်း၊ လယ်ယာမြေနှင့်ပတ်သက် သည့်လုပ်ငန်းများက  ယခင်က  ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ကို တင်ရမှုများရှိကြောင်း၊  ကိုဗစ်-၁၉ ကာလတွင် လက်တွေ့ကွင်းဆင်း   ဆောင်ရွက်မှုများ နည်း နေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာ တွင်ဖြစ်သည်ကို  တိတိကျကျ မေးခွန်းမေးစေလို ကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာကို ပြန်လည် မေးမြန်းပြီး ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 


နေပြည်တော်တိုင်း(မ်)အွန်လိုင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က  ပြီးခဲ့သည့်အပတ်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က   မိန့်ခွန်းထဲမှာ    “ ပြည်ပရောက်နေသည့် ပြည်သူလူထုများ   ပြည်တွင်းကို     ပြန်လာခဲ့ပါ။ ပြည်တွင်းရောက်ရင်လည်း  ဆိုးသမျှဒဏ်များကို ကျွန်တော်တို့သည်းခံပြီး  ထိန်းသိမ်းပေးပါမယ်” ဟု ပြောကြားသွားခြင်းကို  သိရှိထားပါကြောင်း၊ ပြည်ပရောက် ပြည်သူများ ပြန်ရောက်သည့်အချိန် တွင် မြန်မာနိုင်ငံအတွင်း လူဦးရေများ၊ လုပ်ငန်းရှား၊ အလုပ်လက်မဲ့မှုများသည့်အပေါ်  ပြည်သူလူထု အနေဖြင့် စားဝတ်နေရေးအတွက်  မြေပြင်တွင် တော်တော်များများ ပြဿနာတက်နေပါကြောင်း၊ အချို့ထမင်းနပ်ကျော် စားနေရသည်ကို မြေပြင် တွင်  တွေ့ရပါကြောင်း၊  အချို့အလုပ်မရှိသည့် အတွက်  မိသားစုတစ်စုလုံး   အလုပ်ထွက်လုပ်ပြီး ရသမျှဖြင့်  ချွေတာပြီးစားရသည့်   အခက်အခဲ များရှိကြောင်း၊ ဆေးဝါးကုသရန်ငွေမရှိခြင်းများ၊ ယခု ကိုဗစ်ကာလတွင် ကိုဗစ်ဖြစ်ပြီး အောက်ဆီဂျင် မရသည့်အတွက်   အောက်ဆီဂျင်အခက်အခဲ ဖြစ်ကြောင်း၊ အောက်ဆီဂျင်ဝယ်ရန်အတွက်လည်း ၎င်းတို့တွင်  ငွေမရှိပါကြောင်း၊  ဆေးဖိုးမရှိသည့် အတွက် အသက်ဆုံးရှုံးမှုများ မြေပြင်တွင်တွေ့ရပါ ကြောင်း၊ ပြည်သူလူထုစားဝတ်နေရေး ကျပ်တည်း မှုနှင့် အခက်အခဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့         ကူညီဖြေရှင်း ပေးသွားမည်ကို    သိလိုပါကြောင်း မေးမြန်းသည်။


သင်္ဘောနှစ်စင်းဖြင့် ပြန်ခေါ်


ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဝင် ရောက်ရေးအစီအစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော် ဝန်ကြီးချုပ် ပြောခဲ့သည်မှာ ပြန်လည်ဝင်ရောက် ရေးတွင် မြန်မာနိုင်ငံသူ/ နိုင်ငံသားများဖြစ်သည့် အတွက် လက်ခံရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ က ပြန်လာသည့်သူများ ငွေအလိမ်ခံရ၍ မလေး ရှားတွင် သောင်တင်နေခြင်းကြောင့် တပ်မတော်က နိုင်ငံတော်စရိတ်ဖြင့် ပြန်ခေါ်လာရခြင်းများရှိပါ ကြောင်း၊ ၎င်းတို့အနေဖြင့်  ကျေးဇူးတင်ကြပါ ကြောင်း၊ ပြည်ပနိုင်ငံတွင် စားစရာ သောက်စရာမရှိ ဘဲနေမည့်အစား မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး “ပြဿနာ အရှာခံရင်ခံရပါစေ” ပြန်ခေါ်မည်ဖြစ်ကြောင်း၊  အမှန်တကယ်လည်း အရှာခံလိုက်ရသည့် ဇာတ်လမ်းများရှိပါကြောင်း၊ မလေးရှားကနေ မလေးရှားထောင်ထဲတွင် ဒုက္ခ ရောက်နေသည့်သူများကို  သင်္ဘောနှစ်စင်းဖြင့် ပြန်ခေါ်လာပြီး ဘယ်မှမရောက်သေးဘဲ နိုင်ငံတော် နှင့် တပ်မတော်က ကျွေးထားပြီး Quarantine Center တွင်ရှိနေချိန်တွင် ပြဿနာရှာခဲ့သည်များ ရှိပါကြောင်း၊ လက်တွေ့ဖြစ်ပါကြောင်း၊ စင်တာ တွင်နေထိုင်ပြီး  အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှု များတွေ့ရကြောင်း၊ ထိုအရာများကိုလည်း အရေး ယူခြင်းမလုပ်ဘဲ သည်းခံခဲ့ကြောင်း၊ နောင်လာမည့် သူများလည်း    ပြန်လည်ခေါ်ဆောင်လျက်ရှိ ကြောင်း၊ ပြည်သူလူထု၏ စားဝတ်နေရေး အကျပ် အတည်းအနေဖြင့် အထိုက်အလျောက်ဈေးတက် မှုများ၊ ငွေကြေးဖောင်းပွမှုများကြောင့် ရှိကောင်းရှိ နိုင်ပါကြောင်း၊          
b  စာမျက်နှာ ၁၆ မှ


လက်ရှိတာဝန်ယူထားသည့်  အစိုးရအနေဖြင့် အတိတ်သမိုင်းကို  လက်ညှိုးထိုးနေမည်မဟုတ် ကြောင်း၊ ထိုးရန်အတွက် အချိန်မရှိပါကြောင်း၊ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ရန် စားနပ်ရိက္ခာ ဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အခြေခံလစာကို ညှိနှိုင်းပေးရန်အစီအစဉ် ရှိ/မရှိ


Myanmar National Post သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက မြန်မာနိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်များသည့်  နိုင်ငံဖြစ် သည့်အပြင် PDF များက မြို့ပေါ်အထိ လက်နက်စွဲ ကိုင်ပြီး  ပြည်သူလူထုများကို  ဒုက္ခပေးနေသည့် အနေအထားတွင်ရှိနေပါကြောင်း၊  တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည်နှင့် အညီ တပ်မတော်အင်အားရှိရန်အတွက် လိုအပ်လာ သည့်အချိန် ဖြစ်ပါကြောင်း၊ သာမန်အထည်ချုပ် စက်ရုံက အမျိုးသမီးတစ်ယောက်၏ အလုပ်ချိန်       ၈ နာရီတွင် ၄၈၀၀ ကျပ် ရှိပါကြောင်း၊ တပ်မတော် သားများ၏ လစာသည် ၄၈၀၀ ကျပ် မရှိပါကြောင်း၊ လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်များ၏ လစာသည်     ၁၀ သိန်းအပြင် နေစရိတ်၊ စားစရိတ် စရိတ်ငြိမ်းဖြစ်ပါကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏လစာသည် ပုံမှန်လစာဖြစ် ပါကြောင်း၊  အရပ်ဘက်    စစ်ဘက်ကိုညှိနှိုင်းပြီး တပ်မတော်အကြီးအကဲများက တပ်မတော်သားများ တပ်မတော်အတွင်း အနေပျော်အောင် အခြေခံလစာ ကို ညှိနှိုင်းပေးရန်အစီအစဉ် ရှိ/မရှိနှင့်  မကြာခင် ကျောင်းများပြန်ဖွင့်မည်ဖြစ်၍   ဘုန်းတော်ကြီး ပညာသင်ကျောင်းများကလည်း အရေးပါပါကြောင်း၊ ပညာရေးအတွက် ပညာရေးဝန်ကြီးဌာနဘတ်ဂျက် ဖြင့် သုံးရန်အစီအစဉ်ရှိ/မရှိ   သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်သားများ ၏ လစာနှင့်ပတ်သက်ပြီး တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက်၊ တပ်ရင်း/ တပ်ဖွဲ့များအလိုက် တပ်မတော်သားများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး  သီးသန့် ရန်ပုံငွေဖြစ်ကြောင်း၊ သီးသန့်ရန်ပုံငွေသည် နိုင်ငံ တော်၏ဘက်ဂျက်မှ  မဟုတ်ပါကြောင်း၊  ယခင် ကတည်းက  တပ်များတွင်  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ  လုပ်ဆောင်ခဲ့ပါကြောင်း၊   အဓိက လုပ်ဆောင်ရာတွင် တပ်မိသားစုများ၊ တပ်ပတ်ဝန်း ကျင်တွင်ရှိသည့် ပြည်သူ/ပြည်သားများ၊ နိုင်ငံသူ/နိုင်ငံသားများ စားဝတ်နေရေး ချောင်လည်စေရေး၊ လတ်လတ်ဆတ်ဆတ်စားရန်၊ မှန်မှန်ကန်ကန်စား ရန် ရည်ရွယ်ပြီး    ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပိုလျှံသည်များကို    ပြင်ပတွင်ဝန်ထမ်းများကို ရောင်းချပေးခြင်းဖြစ်ကြောင်း၊ အဆိုပါအလုပ်များ နှင့် တည်ဆောက်ထားသည့်   ရန်ပုံငွေများနှင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုအတိုင်းသာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လစာတိုးပေးရန် မရှိပါကြောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေ ဖြင့် သီးခြားဘတ်ဂျက်ဖြင့်   ဆောင်ရွက်ပေးရန် မရှိပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့်          ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက်ပေးမည်  ဖြစ်ပါကြောင်း၊ ထို့အပြင် တိုးမြှင့်ဆောင်ရွက်မည့်  အစီအစဉ်ကို လည်း လုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များက ဘုန်းတော် ကြီးပညာသင်ကျောင်းများကို ဦးစားပေးလုပ်ဆောင် ပေးရန်ပြောနေကြသည်မှာ မှန်ပါကြောင်း၊ မိမိတို့၏ အခြေခံပညာရေးစနစ်သည် ဘုန်းတော်ကြီး ပညာ သင်ကျောင်းများဖြစ်ပါကြောင်း၊ အဆင့်ဆင့်တင်ပြ မှုကြောင့် အတိုင်းအတာတစ်ခုထိ  သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင်    ရရှိပြီးဖြစ်ပါ ကြောင်း၊ ကျောင်းဖွင့်သည့်အချိန်တွင်     တွေ့ရမည် ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က လက်ရှိစီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိမ့်ကျဆဲ အခြေအနေတွင်ရှိသေးကြောင်း၊ ကိုဗစ်ဖြစ်လာသော ကြောင့် အမေရိကန်၊ ရုရှားလို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် Mask တပ်သည့်    အနေအထားမရှိသလောက် နည်းပါးပြီး ကိုဗစ်နှင့်အတူနေထိုင်သူများဆိုသည့် ပုံစံမျိုးဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဆက်ပြီးလုပ်သည့်အတွက် ၎င်းတို့တွင်စီးပွားရေး ယိုင်လဲမှုအခြေအနေမျိုး မဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရ ပါကြောင်း၊ အဓိက ၎င်းတို့နိုင်ငံများသည် ချမ်းသာ သည့်နိုင်ငံများဖြစ်သောကြောင့် ကိုဗစ်ဖြစ်လာသည့် ပြည်သူများအပေါ်ကို  ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝအကုန်လုံး   အစိုးရကပေးနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း အစိုးရကနေပြီး အားလုံးကိုပေး နေပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ ပေးနေခြင်းရှိကြောင်း၊    ကွာခြားချက်အနေဖြင့် ဆေးရုံနှင့် ကိုဗစ်စင်တာများသည်  မမျှတ၊ မလုံ လောက်ဖြစ်နေပါကြောင်း၊ အကယ်၍ လုံလောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို   ယခုထက် ကောင်းအောင်  ဆက်လက်ပေးလာနိုင်ပြီး  လုံလုံ လောက်လောက်လည်း    ထားပေးနိုင်မည်ဆိုလျှင် လုပ်ငန်းများက  ပုံမှန်လည်ပတ်မှု၊  စီးပွားရေး လုပ်ငန်းအကုန်လုံး   ပြန်ပြီးလုပ်ဆောင်၍ရမည့် အနေအထားကိုလည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်ရောဂါ၊ ပြင်းထန်ရောဂါ၊  အထွေထွေရောဂါ ဖြစ်သည်များကို သီးခြားစီခွဲပြီး ဆေးရုံများ၊  ကုသ သည့်စင်တာများ   ယခုနှစ်ထဲတွင်  တိုးမြှင့်လုပ် ဆောင်ရန် အစီအစဉ်ရှိ/မရှိ   သိလိုပါကြောင်း မေးမြန်းသည်။


လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိ


ဗိုလ်ချုပ်ဇော်မင်းထွန်းက      ကိုဗစ်နှင့် ပတ်သက်ပြီး ရုရှား၊ အမေရိကန်တို့လို   ဖွံ့ဖြိုးပြီး နိုင်ငံများကို အတုယူ၍မရပါကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစနစ်နှင့် မိမိတို့၏ ကျန်းမာရေးစနစ် မတူပါကြောင်း၊ ထို့အပြင် ၎င်းတို့၏ ကျန်းမာကြံ့ခိုင်မှု အနေအထားနှင့် မိမိတို့၏ ကျန်းမာကြံ့ခိုင်မှုအနေ အထား မတူပါကြောင်း၊ မြန်မာနိုင်ငံ၏ မျှော်မှန်း သက်တမ်းသည် ၆၈ နှစ်ခန့်သာရှိကြောင်း၊ ၎င်းတို့ နိုင်ငံ၏ မျှော်မှန်းသက်တမ်းက ၇၀/၈၀ နှစ်ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊   ကျန်းမာကြံ့ခိုင်မှုလည်း ကွာပါကြောင်း၊ လူကောင်ချင်းလည်းကွာပါကြောင်း၊ မြန်မာနိုင်ငံက ကိုဗစ်ဖြစ်သည့်သူနှင့် တခြားနိုင်ငံက ကိုဗစ်ဖြစ်သည့်သူများကလည်း မတူပါကြောင်း၊ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းသည် မဖြစ်မနေ လုပ်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်ဝန်ကြီးချုပ်အနေဖြင့် လက်တွေ့ကျကျ ဆောင် ရွက်လျက်ရှိကြောင်း၊ ကိုဗစ်စင်တာများနှင့်ပတ် သက်ပြီး ပုဂ္ဂလိကများ၊ ပြည်သူလူထုအကျိုးဆောင် လုပ်ငန်းများကို ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ရန်ကုန်တွင်လည်း ကိုဗစ်စင်တာများဖွင့်ခဲ့ သည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ လက်တွေ့လုပ် ဆောင်နေသောလုပ်ငန်းသည် အနည်းဆုံး မြို့နယ်/ခရိုင်အဆင့်တွင် လမ်းပန်းဆက်သွယ်မှုခက်ခဲလျှင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်အားလုံးတွင် အရေး ပေါ်အခြေအနေဖြစ်လာလျှင် ရသင့်ရထိုက်သည်ကို ရရှိနိုင်ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်များ တပ်ဆင်လျက်ရှိကြောင်း၊  မဖြစ်မနေရှိရ မည်ဟု  တပ်ဆင်လျက်ရှိပါကြောင်း၊  ကိုဗစ်နှင့် ပတ်သက်ပြီး ထားရမည့်   အထူးကြပ်မတ်ကုသရ မည့်နေရာများကို  ခရိုင်အဆင့်/မြို့နယ်အဆင့်များ နေရာတိုင်းတွင် ထားလျက်ရှိပါကြောင်း၊ သီးခြား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ခရိုင်သည် ခရိုင်အဆင့်နှင့်တူအောင်၊ မြို့နယ်သည် မြို့နယ် အဆင့်နှင့်တူအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး    မြှင့်တင်မှုလုပ်ငန်းများကို မြို့ကြီး ပြကြီးတွင်မက   ကျေးလက်များအထိ အရောက် ဆောင်ရွက်လျက်ရှိကြောင်း   ပြန်လည်ဖြေကြား သည်။


VOA သတင်းဌာနမှ    သတင်းထောက် ဦးစည်သူနိုင်က Frontier မဂ္ဂဇင်းတွင် လုပ်ခဲ့သည့် အမေရိကန်သတင်းထောက်  ဒန်နီဖာစတာ၏ အခြေအနေကိုမေးလိုကြောင်း၊ ဖြေလို့ရသလောက် ဖြေပေးစေလိုကြောင်း၊ အဆိုပါသတင်းထောက်၏ လက်ရှိကျန်းမာရေးအခြေအနေအပါအဝင် ၎င်းကိုစွဲဆိုထားသည့်အမှုများအကြောင်းကို  ရှင်းရှင်း လင်းလင်းသိလိုပါကြောင်း၊ ၎င်းကို ဖမ်းဆီးစစ်ဆေး ထားသည်မှာ  လနှင့်ချီနေပြီဖြစ်ကြောင်း၊ အထူး သဖြင့်   သတင်းထောက်တစ်ယောက်အနေဖြင့် သတင်းအချက်အလက်နှင့်ဆိုင်သည့် သတင်းသမား တစ်ယောက်၏ လုပ်ပိုင်ခွင့်ထက် ဘောင်ကျော်၍ တစ်စုံတစ်ရာကျူးလွန်ခဲ့ခြင်းမျိုး   စစ်ဆေးတွေ့ ရှိခြင်းရှိ/မရှိ  သိလိုကြောင်း မေးမြန်းသည်။


ကျော်လွန်ဆောင်ရွက်ခဲ့ခြင်းများ ရှိခဲ့


ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များ နှင့်ပတ်သက်ပြီး    သတင်းထောက်များသည် သတင်းထောက်အလုပ်သာ  မျှမျှတတလုပ်ဆောင် မည်ဆိုပါက ဖမ်းဆီးစစ်ဆေးရန်အကြောင်းမရှိ ကြောင်း၊ ၎င်းသတင်းထောက်အနေဖြင့် သတင်း ထောက်လုပ်ငန်းများထက် ကျော်လွန်ဆောင်ရွက် ခဲ့ခြင်းများ ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ကျန်းမာရေးအခြေအနေကောင်း မွန်ပါကြောင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးခြင်း/မထိုးခြင်းနှင့်ပတ်သက်ပြီး အကျဉ်းထောင်တွင် ရှိနေသည့် အကျဉ်းသားများ၊   အချုပ်သားများ အားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေး လျက်ရှိကြောင်း၊ ထိုးခြင်း/မထိုးခြင်းသည် ၎င်း ၏ဆန္ဒသာဖြစ်ကြောင်း      ပြန်လည်ဖြေကြား သည်။


VOA သတင်းဌာနမှ သတင်းထောက် ဦးစည်သူ နိုင်က ၎င်းသတင်းထောက်ကို အမှုစွဲထားခြင်းမျိုး ရှိပြီးဖြစ်ပါသလား၊ အမှုစွဲထားပါက မည်သို့စွဲဆိုထား သည်ကိုသိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါအမေရိကန် သတင်းထောက်ကို    အမှုစွဲထားပြီးဖြစ်ကြောင်း၊ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်သဖြင့် ၎င်းကို ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း၊   ကျန်သည့် ကိစ္စများကို  ဖြေနိုင်သည့်အချိန်တွင်   ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြား သည်။
အလုပ်လက်မဲ့ ဘဝ


တဲ့ပြောအွန်လိုင်းသတင်းမီဒီယာမှ အယ်ဒီတာ ချုပ် ဦးဇော်ရဲထက်(ခ) ဦးဇော်မင်းဦးက ယခင် NLD အစိုးရလက်ထက်က အဂတိလိုက်စားမှုများကို လိုက်လံဖော်ထုတ်သဖြင့် ပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီး ထောင်ချခံခဲ့ရပြီး မကြာသေးမီက  လွတ်လာခဲ့ သဖြင့်  သတင်းစာရှင်းလင်းပွဲကို  ယခုပထမဆုံး အကြိမ်အဖြစ် တက်ခွင့်ရခြင်းဖြစ်ကြောင်း၊  ယခု ငွေကြေးဖောင်းပွနေသည့်ကိစ္စများ၊ မြန်မာငွေကြေး တန်ဖိုး ကျဆင်းနေသည့်ကိစ္စများ၊ နိုင်ငံခြားငွေများ အဆမတန် တန်ဖိုးမြင့်တက်လာသဖြင့် မြန်မာနိုင်ငံ တွင်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နှင့် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲ ဖြစ်နေသည်ကိုသိရပါကြောင်း၊   ၎င်းတို့အထဲတွင် အဆိုးဆုံးရင်ဆိုင်နေရသည်မှာ   ဘဏ်များ၏ ငွေကြေးစီးဆင်းမှုများကြောင့် အများဆုံးခံစားနေရ သည်ကို တွေ့ရပါကြောင်း၊ အဓိကဖြစ်ပေါ်နေသည့် အခက်အခဲမှာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူက ၂၀၂၁ ခုနှစ်    ဩဂုတ်လ ၁ ရက်နေ့တွင် ပြောခဲ့သည့်စကားအရ   နိုင်ငံတော်၏  စီမံကိန်း ဆောင်ရွက်နေသည့်ကုမ္ပဏီများကို တစ်ပတ်လျှင် ငွေကျပ်သိန်း ၂၀၀ ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်းစီကို သိန်း ၂၀ ထုတ်ပေးမည်ဟုပြောပါ ကြောင်း၊ သို့သော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပေးထား သည့် ကတိကဝတ်နှင့် အောက်ခြေတွင် ဖြစ်ပျက် နေသည့်အခြေအနေမှာ ကွဲလွဲနေပါကြောင်း၊ အမှန် တကယ် ကရင်ပြည်နယ်၌ တစ်ပတ်လျှင် ငွေကျပ် သိန်း ၅၀ သာရရှိပါကြောင်း၊ သို့သော် ယခုလတွင် သိန်း ၁၀၀ ထုတ်ပေးပါကြောင်း၊ မော်လမြိုင်ဘဏ် တွင်     သိန်း ၃၀ ထုတ်ပေးကြောင်း၊ နေပြည်တော် ဘဏ်နှင့် ရခိုင်ပြည်နယ်ဘဏ်များတွင် ၁၀ သိန်းသာ ထုတ်ပေးပါကြောင်း၊  သို့ဖြစ်၍  အစိုးရဘဏ်မှ  အစိုးရ၏လုပ်ငန်းများကို   ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့်  ရသင့်ရထိုက်သည့်ပိုက်ဆံကို အချိန်မီမရရှိသည့်အတွက်    ယခုဒေါ်လာဈေး မြင့်တက်လာသည့်အခါတွင် ၎င်းတို့အတွက် အများ အပြားနစ်နာပါကြောင်း၊ ကုမ္ပဏီအချို့မှာ ရပ်ဆိုင်း မည့်အခြေအနေဖြစ်နေပါကြောင်း၊ ထိုကုမ္ပဏီများ ရပ်ဆိုင်းမည်ဆိုပါက   ယင်းကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသည့်  ပညာတတ်လူငယ်များ၊ အခြေခံလူတန်းစားများအနေဖြင့် အလုပ်လက်မဲ့ ဘဝကို ရောက်တော့မည်ဖြစ်ကြောင်း။


တစ်ဆက်စပ်တည်း ယခုဖြစ်ပျက်နေသည့် စီးပွားရေးကပ်ဆိုက်နေခြင်းနှင့် ဒလန်ဆိုပြီးစွပ်စွဲ၍ သတ်ဖြတ်နေကြသည့်ကိစ္စများ၊     ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ် နေခြင်းတို့ကြောင့် အလုပ်လက်မဲ့ များ များပြားလာပါကြောင်း၊ ၎င်းတို့တွင် သုံးစွဲစရာ ငွေကြေးလည်း မရှိကြကြောင်း၊ သို့ဖြစ်၍ သုံးလခန့် ရေခွန်၊ မီးခွန်များကို ကင်းလွတ်ခွင့်ပေးပြီး အခြား မလိုအပ်သည့် စီမံကိန်းအချို့ကို လျှော့ချလိုက်မည် ဆိုပါက နိုင်ငံသူနိုင်ငံသားများ၏ရင်ထဲတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဆိုတာ အမြဲရှိနေလိမ့်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထိုသို့လုပ်ဆောင် ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း၊ ယခုမဖြေနိုင် သေးပါကလည်း ဖြေနိုင်သည့်အချိန်တွင် သတင်းစာ ကတစ်ဆင့် ဖြေကြားပေးစေလိုကြောင်း  မေးမြန်း သည်။

N စာမျက်နှာ ၁၇ မှ


ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများ ဆုံး ငွေကျပ်သိန်း ၂၀၊ ကုမ္ပဏီ အဖွဲ့အစည်းများကို တစ်ပတ်လျှင်    အများဆုံးငွေကျပ်သိန်း ၂၀၀ ထုတ်ပေးရန် မတ်လ ၁ ရက်နေ့က  ညွှန်ကြားထားခဲ့ ကြောင်း၊ အဆိုပါညွှန်ကြားချက်အထဲတွင် လုပ်ခ လစာကိစ္စ၊ ပင်စင်ကိစ္စ၊  လူမှုရေးအကျိုးခံစားခွင့် များကို ကန့်သတ်ထားခြင်းမရှိကြောင်း၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက်လည်း ဗဟိုကော်မတီမှတစ်ဆင့် တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံများ၏ဝန်ထမ်းလစာနှင့် ကုန်ကြမ်းပစ္စည်း ဝယ်ယူရေး ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဘဏ်များနှင့်   ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း Digital Payment နှင့်  ပိုမိုဆောင်ရွက်ကြရန်  လိုအပ်ပါ ကြောင်း၊  ပုဂ္ဂလိကထုတ်သည့်   အတိုင်းအတာ ပမာဏများ၊ ကုမ္ပဏီများမှ ကုန်သွယ်မှု၊ ကုန်စည် စီးဆင်းမှု   မြန်ဆန်စေရန်နှင့်  စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းလစာများ၊ ကုန်ကြမ်းပစ္စည်းများနှင့်ပတ်သက်၍ ငွေထုတ်ယူရာတွင်  အဆင်ပြေစေရန် ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင်မပြေမှုများရှိပါက ဗဟိုဘဏ်နှင့် တိုက်ရိုက် ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ပြောလိုပါကြောင်း၊ မီတာခကိစ္စကိုတော့ မိမိအနေဖြင့် ယခုအချိန်တွင် ပြော၍မရသေးပါကြောင်း၊ အဆိုပါကိစ္စကို  မိမိအနေ ဖြင့် အထက်လူကြီးအား ပြန်၍သတင်းပို့ တင်ပြပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


သူရိယနေဝန်းဂျာနယ်မှ CEO ဦးမိုးဟိန်းက မိမိမေးလိုသည့်မေးခွန်းသည်   မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသားများကပါ စောင့် ကြည့်နေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံထိုင်ခုံနေရာ တွင် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကို အသိအမှတ်ပြုရေး/ မပြုရေး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရေး/ မပြုရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်း တွင် စိတ်ဝင်စားမှုအပေါ်  လက်ရှိနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အိမ်စောင့်အစိုးရအနေဖြင့်  အသိပေးလိုသည်များ၊ ပြောကြားလိုခြင်းများရှိပါက သိလိုပါကြောင်း မေးမြန်းသည်။
တရားဝင်အစိုးရဖြစ်


ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမဦးဆုံး နိုင်ငံ တကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့်ပတ်သက်ပြီး ပြောလိုပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊   အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း   ဖြစ်ကြောင်း၊ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံသည် ကုလသမဂ္ဂကို “United Nation”၊  အာဆီယံကို “Association of South East Asian Nations” ဟု ခေါ်ခြင်းဖြစ်ကြောင်း၊ သတိထားရမည်မှာ   Nation များဖြစ်ကြောင်း၊  United Government  များ  မဟုတ်ကြောင်း၊ Association မှာလည်း Government Association မဟုတ်ပါကြောင်း၊ Nation များဖြစ်ပါကြောင်း၊ UN နှင့် ASEAN သည်  နိုင်ငံများ၏အစုအဖွဲ့များဖြစ် ကြောင်း၊ အစိုးရများအစုအဖွဲ့ မဟုတ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်၊  အာဆီယံအဖွဲ့ဝင်များသည် နိုင်ငံများသာဖြစ်ကြောင်း၊ အဖွဲ့ဝင်များသည် အစိုးရ မဟုတ်ပါကြောင်း၊  ငြိမ်းချမ်းရေးကို မြတ်နိုးသည့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် စာတမ်းပါ ဝတ္တရားများအတိုင်း လက်ခံပြီး အဖွဲ့ဝင် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ၏ အစိတ်အပိုင်းဖြစ်၍ နိုင်ငံတော်နှင့်တွဲလျက်ရှိပြီး အစိုးရဆိုသည်မှာ        နိုင်ငံတော်၏ကိုယ်စား ကုလသမဂ္ဂပဋိညာဉ်စာချုပ်စာတမ်းပါ ဝတ္တရားများ ကို ဆောင်ရွက်နိုင်ရန် ကိုယ်စားပြု ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ အစိုးရ  ဘယ်လိုပြောင်းပြောင်း အချုပ်အခြာအာဏာကို ပိုင်စိုးသည့်နိုင်ငံတော်က တည်ရှိမြဲ တည်ရှိနေမည်ဖြစ်ကြောင်း၊ အစိုးရမည်သို့ ပြောင်းပြောင်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိ နေမည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအစိုးရသည် ရွေးကောက်ပွဲ   မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံရေးအရ  အရေးပေါ်အခြေအနေကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန် ကို ရယူထားခြင်းကြောင့် ဥပဒေကြောင်းဆိုင်ရာအရ တရားဝင်မှုရှိသည့် တရားဝင်အစိုးရဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို  ကိုယ်စားပြုပြီး   ကုလသမဂ္ဂနှင့် အာဆီယံကို    ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ ၎င်းသည် မိမိတို့အစိုးရ၏ သဘောထားဖြစ် ပါကြောင်း၊ အာဆီယံသဘောတူညီချက်  ငါးချက် နှင့်ပတ်သက်ပြီး  ပြောလိုပါကြောင်း၊  အာဆီယံ သဘောတူညီချက် ငါးချက်၏ ပထမအချက်အနေဖြင့် ပြင်းထန်သည့်လုပ်ဆောင်မှု၊ အကြမ်းဖက်သူများကို ချက်ချင်းရပ်တန့်ပြီး အခြေအနေများကို ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ရန်၊ ဆူပူဆန္ဒပြမှုများဖြစ်ခဲ့ လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  အနည်း ဆုံးအင်အားဖြင့် အခြေအနေများကို    ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခု ထိ အဆိုပါအတိုင်း  ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံသဘောတူညီချက်  ငါးရပ်ထွက်လာပြီး ဧပြီလနောက်ပိုင်းတွင် ဆန္ဒပြမှုများ၊ ဆူပူမှုများ လျော့ကျသွားခြင်းကြောင့် ထိန်းသိမ်းမှုနှင့် အင်အား လျှော့ချမှုများ ရှိပါကြောင်း၊ သို့သော် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုများ၊  သတ်ဖြတ်မှုများ၊ ဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်ရွာတိုင်းတွင် တရားဥပဒေစိုးမိုးရေးကို  ပျက်ပြားအောင် NUG အကြမ်းဖက်အဖွဲ့က  ဦးဆောင်ပြီး  လုပ်ဆောင် လျက်ရှိပါကြောင်း၊ ယခုလ ၇ ရက်နေ့နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ   လုပ်ဆောင်ရန် အကြမ်းဖက်အဖွဲ့များက လှုံ့ဆော်မှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ အာဆီယံ၏ လူသား ချင်းစာနာမှုအကူအညီပေးရေး  အချို့ကိစ္စ အကူ အညီများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကူအညီ များကို သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အာဆီယံအထူးကိုယ်စား လှယ် မြန်မာနိုင်ငံကို သွားရောက်ခွင့်ပေးရန်နှင့် ပတ်သက်ပြီး  အထူးကိုယ်စားလှယ်  လာရောက် လိုမှုကို  မြန်မာနိုင်ငံအနေဖြင့်   ကြိုဆိုထားပြီး ဖြစ်ပါကြောင်း၊  ခရီးစဉ်အသေးစိတ်ကို နှစ်ဖက် ညှိနှိုင်းလျက်ရှိကြောင်း၊     အနှစ်ချုပ်ပြောရလျှင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ သဘောတူညီချက် ငါးချက်ကို မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင် မှုကို မထိခိုက်စေဘဲ ပြည်တွင်းတည်ဆဲဥပဒေနှင့် အညီ တတ်နိုင်သမျှ  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း  ပြန်လည်ဖြေကြားသည်။      ။