
နေပြည်တော် စက်တင်ဘာ ၂၀
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် အရှိန်မြှင့်တင်ဆောင်ရွက်ရေး အာဆီယံဝန်ကြီးများ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာန ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဝန်ကြီး H. E. Suharso Monoarfa ၊ ကမ္ဘောဒီးယားနိုင်ငံ စီမံကိန်းဝန်ကြီး H. E. Kitti Settha Pandita Chhay Than ၊ ဖိလစ်ပိုင် နိုင်ငံ၊ အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E. Rosemarie G. Edillon နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး ချုပ် H. E. Dato Lim Jock Hoi တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဝန်ကြီးဌာန ဝန်ကြီးများက ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) အကောင်အထည်ဖော်ရေး၊ ကိုဗစ်-၁၉ ၏ ဆိုးကျိုး သက်ရောက်မှုများ လျော့နည်းစေရေး၊ ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းဝန်ကြီးဌာနများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် များအကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းစေရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စီမံကိန်းဝန်ကြီးဌာနများက အာဆီယံ၏ လုပ်ငန်းစဉ် များတွင် ပံ့ပိုးပေးနိုင်မည့် အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ကိုဗစ်-၁၉ မတိုင်မီကာလက အာဆီယံ၏ စီးပွား ရေးဖွံ့ဖြိုးမှုသည် တည်ငြိမ်လျက်ရှိပြီး ဒေသတွင်း အဓိကကျသည့် အဖွဲ့အစည်းအဖြစ်ရပ်တည်လျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် (၂) နှစ်အတွင်း အာဆီယံအပါ အဝင် တစ်ကမ္ဘာလုံးသည် ကိုဗစ်-၁၉ ၏ သက်ရောက် မှုများကို ခံစားခဲ့ရပါကြောင်း၊ SDG ပန်းတိုင်များ အားလုံးနီးပါးသည်လည်း ကိုဗစ်-၁၉ ၏ သက်ရောက် မှုများကို ခံစားခဲ့ရသည့်အတွက် နိုင်ငံတစ်ခုချင်းစီနှင့် ဒေသတွင်းတွင် ရေးဆွဲထားသည့် မဟာဗျူဟာများကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်လာပါ ကြောင်း၊ အာဆီယံသည် ကိုဗစ်-၁၉ ကြောင့် သက်ရောက်မှုများကို ပြန်လည်ကုစားရန်အတွက် COVID -19 ASEAN Response Fund အပါအဝင် နည်းလမ်းအမျိုးမျိုးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လမှစ၍ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း။
ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို လျှော့ချရန် အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုက ပြန်လည်ကုစားရေး အစီအမံများကို ရေးဆွဲခဲ့ပါ ကြောင်း၊ ထို့ပြင် SDGs ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ASEAN Comprehensive Recovery Framework, Complementarities Roadmap 2020-2025, ASEAN Community Vision 2025, 2030 Agenda for SDG စသည်တို့ကို အခြေခံပြီး Reopening, Recovery and Resilience ဟူသည့် 3R Model ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများနှင့် SDG အကောင်အထည်ဖော်ရေး အတွက် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုတိုးမြင့် နိုင်ရေးကို ဆောင်ရွက်ရာတွင် အစိုးရသာမက ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ္ဂလိက ကဏ္ဍများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုအခါ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs) ရရှိအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ SDGs ကို အကောင် အထည်ဖော်ခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော်လျက် ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ် -၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားရန် အတွက် မြန်မာနိုင်ငံ စီးပွားရေးပြန်လည် ဦးမော့ စေရေးစီမံချက် (Myanmar Economic Relief Plan- MERP) ကို ရေးဆွဲထားပါကြောင်း၊ အဆိုပါ စီမံချက်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာရေး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို ဦးတည်ပါကြောင်း၊ အဆိုပါ စီမံကိန်းသည် နှစ်လတ်စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ အာဆီယံ၏ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) နှင့် GMS ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းတို့နှင့် ချိတ်ဆက်ထားပါကြောင်း ပြောကြား သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ယနေ့တွေ့ဆုံဆွေးနွေးမှုသည် SDG အကောင် အထည်ဖော်မှုအတွက် ဘဏ္ဍာငွေရရှိရေး ဆောင်ရွက် ရာတွင် အာဆီယံနိုင်ငံများအကြားနှင့် အလားအလာ ရှိသည့်ဖွံ့ဖြိုးမှုမိတ်ဖက်များအကြား အဓိကဆောင် ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုများနှင့် စီးပွားရေးပြန်လည်အားကောင်းလာစေ ရေးတို့အတွက် တိုးမြှင့်ဆောင်ရွက်မှုများမှတစ်ဆင့် ကပ်ရောဂါ၏ ထိခိုက်မှုများမှ ပြန်လည်နာလန်ထူလာ ပြီး စီးပွားရေးပိုမိုကောင်းမွန်စွာ တည်ဆောက်လာ နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဖိတ်ကြားထားသည့် ထိုင်းနိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂလူမှုရေးနှင့် စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အမေ ရိကန်ပြည်ထောင်စု၊ ကိုလံဘီယာ တက္ကသိုလ်မှ ဆွေးနွေးပွဲတက်ရောက်လာကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝန်ကြီးများက မိမိတို့ နိုင်ငံအလိုက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်