မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည့် ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြု

 

ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်သည့် (၂၇) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပေးပို့သည့်သဝဏ်လွှာ
 

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်    ဖွဲ့စည်းတည်ထောင်မှု (၂၇) နှစ် ပြည့်မြောက်သော မင်္ဂလာရှိသည့် အထိမ်းအမှတ်အခါသမယ တွင် ကျွန်ုပ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နှင့် ပြည်သူများကိုယ်စား  ဘင်းမ်စတက်အဖွဲ့ဝင်   နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို ဆုမွန်ကောင်း များ ပို့သအပ်ပါသည်။
(၂၇)နှစ်တာအတွင်း ဘင်းမ်စတက်သည် ၁၉၉၇ ခုနှစ်၊ ဗန်ကောက် ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသည့် မူဝါဒများကိုအခြေခံသည့် စုပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာယန္တရားများကို  ခိုင်မာမှုရှိအောင် ဆောင်ရွက်နိုင်ခြင်း စသည့် ထင်သာမြင်သာရှိသော   တိုးတက်မှုများ ရရှိခဲ့ပါသည်။
ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အတွက်   စင်္ကြံတစ်ခုအဖြစ်သာမက    အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊  အပြန်အလှန်နားလည်လေးစားမှုနှင့်   ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုများကိုလည်း တိုးတက်ခိုင်မာစေသည့် အတွက် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထို့ပြင် အပြန် အလှန်အထောက်အကူ ပြုခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းလျက် ဒေသတွင်းလူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကျွန်ုပ်တို့၏ မြဲမြံသော ကတိကဝတ် များကို   ဘင်းမ်စတက်ပဋိညာဉ်စာတမ်းက   အထင်အရှားပြသနေ ပါသည်။
စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘင်းမ်စတက်မူဘောင် အောက်မှ စုပေါင်းအင်အားဖြင့် ကြိုးပမ်းနိုင်ခဲ့သည့်အတွက် ကျွန်ုပ် အနေနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၏ လမ်းညွှန်မှု ဖြင့်   ကျွန်ုပ်တို့၏   စည်းလုံးညီညွတ်မှုနှင့်စနစ်တကျ   ပူးပေါင်း ဆောင်ရွက်မှုများက အနာဂတ်စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှား နိုင်မည့် အဓိကအရာများဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
ယနေ့ ကျရောက်သည့် ဘင်းမ်စတက်၏ (၂၇) နှစ်ပြည့် အထိမ်း အမှတ်အခါသမယတွင် မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ် စာတမ်းပါ  အခြေခံမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည့်    ခိုင်မာသော   ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ ဘင်းမ်စတက်သည်   ပိုမိုခိုင်မာ၍ ထိရောက်သောအဖွဲ့အစည်း   ဖြစ်လာပါစေကြောင်းနှင့်  ဘင်္ဂလား ပင်လယ်အော်ဒေသတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရာ တွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါ သည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နေပြည်တော်
၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်။