မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ် အခြေခံပြီး အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်

 

နေပြည်တော်   ဇွန်   ၃၀


နိုင်ငံခြားရေး       ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးဝဏ္ဏ မောင်လွင်သည်    ကမ္ဘောဒီးယား နိုင်ငံ  ဒုတိယဝန်ကြီးချုပ်   နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး နှင့်  အာဆီယံဥက္ကဋ္ဌ၏   အထူး ကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ် ခွန်းအား  ယနေ့ ညနေ ၄ နာရီခွဲ တွင် နေပြည်တော်ရှိ  နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက    တူညီဆန္ဒ     (၅)  ချက် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု   အကူ အညီပေးရေးစင်တာ၊    လက်ရှိ    အာဆီယံဥက္ကဋ္ဌ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးတို့နှင့်      ပူးပေါင်း ဆောင်ရွက်မှုဖြင့်    လူသားချင်း စာနာထောက်ထားမှု အကူအညီများ     ပေးအပ်ရေးကိစ္စတို့ကို ပြောကြားသည်။ 

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီး က အကြမ်းဖက်မှု များရပ်တန့် ရေး၊ ၂၀၂၂  ခုနှစ်ကို   ငြိမ်းချမ်းရေး နှစ် အဖြစ်  သတ်မှတ်၍  တစ်နိုင်ငံ လုံး    ထာဝရငြိမ်းချမ်းရေးဖော် ဆောင်နေမှုများ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်    ငြိမ်း ချမ်းရေး ဆွေးနွေးနေမှုများအား   အစိုးရ၏   ဦးစားပေးအစီအစဉ်များ     အဖြစ်   ဆောင်ရွက်နေမှုများကို  ရှင်းလင်းပြောကြားသည်။

 

တူညီ ဆန္ဒ (၅) ချက်  အကောင်အထည် ဖော်ရာတွင်  မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်   အခြေခံမူ များအပေါ် အခြေခံပြီး အာဆီယံ နှင့်       ဆက်လက်      ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ထပ်လောင်း      ကတိပြုသည်။  အာဆီယံအဖွဲ့ဝင်     နိုင်ငံများက လည်း    အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏      အဓိကမူများကို   လေးစားလိုက်နာရန်နှင့်     အပြန် အလှန် လေးစားမှုရှိရန် လိုအပ် ကြောင်း ပြောကြားသည်။ 

 


တွေ့ဆုံပွဲသို့     နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြသည်။
ညနေပိုင်းတွင်     ပြည်ထောင်စု ဝန်ကြီးသည်    အာဆီယံဥက္ကဋ္ဌ ၏   အထူးကိုယ်စားလှယ်နှင့် ကိုယ်စား လှယ်အဖွဲ့အား နေပြည် တော်ရှိ Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။ 


သတင်းစဉ်