မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  ဩဂုတ်   ၁၈


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော် စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင် သော   ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ  ယနေ့တွင်   ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း   လူငယ်သင်တန်း ကျောင်းသို့  သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ  လုပ်ထုံး လုပ်နည်းများနှင့်အညီ  စစ်ဆေး ခဲ့ရာ    လူငယ်သင်တန်းကျောင်း၌ လက်ခံစောင့်ရှောက်   သင်ကြား ပေးလျက်ရှိသော    လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေ အနေ၊ အစားအသောက်ကျွေးမွေး မှု ၊  အိပ်ဆောင်များထားရှိ မှု၊ သန့်ရှင်းသော  သောက်သုံးရေ  ရရှိအောင် ဆောင်ရွက်ပေးနေမှုနှင့်   ပညာ သင်ကြားခွင့်၊       မိသားစုနှင့် ဆက်သွယ်ခွင့်၊       မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်၊ အသက် မွေးဝမ်းကျောင်း ပညာသင်ကြား ခွင့်၊ လူငယ်များအား    စာရိတ္တ ပြုပြင်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဖွံ့ဖြိုး တိုးတက်လာအောင်   လေ့ကျင့် ပြုစုပျိုးထောင်ပေးနေမှု၊ လွတ်လပ် စွာ  ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိ အောင် ဆောင်ရွက်ပေးနေမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ကော်မရှင်ကြည့်ရှုစစ်ဆေးရေး အဖွဲ့၏    ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းအား  ကြည့်ရှု စစ်ဆေးရေး    ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို လိုအပ်သလိုဆောင် ရွက်ပေးနိုင်ရေး သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။                    

သတင်းစဉ်