မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့်အဖွဲ့ မကွေးဗဟိုအကျဉ်းထောင်နှင့် မကွေးမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၄


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ  အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နှင့်ယနေ့တွင် မကွေးဗဟိုအကျဉ်းထောင်နှင့်  မကွေးမြို့ပေါ်ရှိ  ရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဗဟိုအကျဉ်းထောင်နှင့်  ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ်    အကျဉ်းသား/   အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို   အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေပြဋ္ဌာန်း ချက်များ၊     ကော်မရှင်ဥပဒေလုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ချက်များနှင့်အညီ   အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့်    အခွင့်အရေးဖြစ်သော    နေထိုင် စားသောက်မှု၊  ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ/ မရှိ၊ ထောင်ဝင်စာပစ္စည်းများ      စုံလင်စွာရရှိခြင်း   ရှိ / မရှိ၊   ရသင့်ရထိုက်သော     အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း  ရှိ /မရှိနှင့်   ညှဉ်းပန်းနှိပ်စက်မှု   ရှိ /မရှိ စသည်တို့ကို      မေးမြန်းမှတ်တမ်းတင်    ကြည့်ရှု စစ်ဆေးသည်။

 


ဗဟိုအကျဉ်းထောင်၌ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/  အချုပ်သူများ၏      အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊  ရိက္ခာဂိုဒေါင်၊  ရေသန့်စက်၊  သုံးရေကန် များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု  ရှိ /မရှိနှင့် Quarantine    အဆောင်တို့ကို    ကြည့်ရှုစစ်ဆေး သည်။ 

 


ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊  အချုပ် သား/အချုပ်သူများ   လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ    စာအုပ်စာပေ   ၁၀၀    တို့ကို ကော်မရှင်က  မကွေးဗဟိုအကျဉ်းထောင်ကို လှူဒါန်း ရာ တာဝန်ခံအရာရှိက လက်ခံရယူသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို  လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက်    သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်