မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့များကို သွားရောက်တွေ့ဆုံအားပေးစကားပြောကြား

 

နေပြည်တော်    မေ    ၅


မြန်မာနိုင်ငံ    အိုလံပစ်ကော်မတီ  ဥက္ကဋ္ဌ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာ  အားကစား     အဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာ  ဦးစီး ဌာန        ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ မေ ၅ ရက်  မှ  ၁၇ ရက်အထိ   ကမ္ဘောဒီးယား နိုင်ငံတွင်    ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်   အရှေ့တောင် အာရှ         အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်    မြန်မာ အားကစားအဖွဲ့များ  အောင်မြင်မှု ဆုတံဆိပ်များ       ရရှိစေရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များနှင့်   ကျန်းမာရေးကိစ္စ ရပ်များ အဆင်ပြေချောမွေ့စေရေး  အတွက် ယနေ့နံနက် ၉  နာရီတွင်  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ရှိ   Hotel  Cambodiana  ၌  တည်းခို      နေထိုင်လျက်ရှိသည့်  မြန်မာပိုက်ကျော်ခြင်း အားကစား အဖွဲ့၊  Anik  Palace   Hotel  ၌  တည်းခို      နေထိုင်လျက်ရှိသည့် မြန်မာပီတန်း   အားကစားအဖွဲ့၊ Citadines hotel ၌ တည်းခိုနေထိုင်  လျက်ရှိသည့် မြန်မာဘော်လီဘော  (အမျိုးသား) အားကစားအဖွဲ့တို့မှ အုပ်ချုပ်သူ/ နည်းပြများနှင့်  ပြိုင်ပွဲ  ဝင်       အားကစားသမားများကို  သွားရောက်တွေ့ဆုံ၍     အားပေး စကားပြောကြားသည်။

 


နိုင်ငံဂုဏ်သိက္ခာမြှင့်တက်စေရန်


ပြည်ထောင်စု       ဝန်ကြီးက  မြန်မာ        အားကစားအဖွဲ့များ အားလုံး      ကျန်းမာရေးအထူးဂရု စိုက်ကြရန်နှင့် အချင်းချင်းစည်းလုံး  ညီညွတ်စွာဖြင့်  ရိုင်းပင်းကူညီနေထိုင်သွားကြရန်လိုကြောင်း၊   မိမိ ကိုယ်မိမိ       ယုံကြည်မှုရှိရန်နှင့်  အသင်းအဖွဲ့စိတ်ဓာတ်        ထားရှိရ မည်      ဖြစ်ကြောင်း၊     ခြင်းလုံး အားကစားနည်းသည် မြန်မာနိုင်ငံ  ၏  ရိုးရာအားကစားနည်းဖြစ်သည့် အတွက်   ခြင်းလုံးအားကစားနည်း ဖြင့်      ရွှေတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြိုင်ပွဲ ဝင်အားကစားသမားများ    အနေ ဖြင့်    မိမိတို့၏    အရည်အချင်း၊ အရည်အသွေးများကို  ဖော်ထုတ် ပြသပြီး   ယှဉ်ပြိုင်ကစားသွားကြ ရန်လိုကြောင်း၊ မိမိနိုင်ငံဂုဏ်သိက္ခာ   မြှင့်တက်စေရန်နှင့်     နိုင်ငံတော် အလံအား  နိုင်ငံတကာ၏အလယ် တွင်   လွှင့်တင်နိုင်ပြီး   နိုင်ငံတော် သီချင်းအား     ဂုဏ်ယူဝင့်ကြွားစွာ သီဆိုနိုင်စေရန်အတွက်    အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရန်လိုကြောင်း၊      အောင်မြင်မှု  ဆုတံဆိပ်များ         ရရှိအောင် အားကစားသမားများ    အနေဖြင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရာတွင်  ပြိုင်ဘက်    အားကစားသမား၏ အားသာချက်/  အားနည်းချက်များ ကို   လေ့လာသုံးသပ်ပြီး   မဆုတ် မနစ်သော   ဇွဲ၊  လုံ့လ၊   စိတ်ဓာတ် တို့ဖြင့်     နောက်ဆုံးအချိန်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း  အားထုတ်       ယှဉ်ပြိုင်သွားကြရန်  လိုကြောင်း။ 

 


 ဖြည့်ဆည်းဆောင်ရွက်ပေး  


နည်းပြများက    စနစ်တကျ       လေ့ကျင့်    သင်ကြားပေးသည့် အတိုင်း    ပြိုင်ပွဲတွင်   ကြိုးစား ယှဉ်ပြိုင်သွားကြရန်       လိုကြောင်း၊  အုပ်ချုပ်သူ/ နည်းပြများအနေဖြင့်  မိမိ     အားကစားသမားများအား တည်းခိုနေထိုင်      သွားလာရေးနှင့်  စားသောက်မှုများ     အဆင်ပြေ ချောမွေ့စေပြီး     လိုအပ်ချက်မရှိ အောင် ဖြည့်ဆည်းဆောင်ရွက်ပေး  သွားကြရန်မှာကြားခဲ့ပြီး   အခက် အခဲများရှိပါက အချိန်နှင့် တစ်ပြေး  ညီ တာဝန်ရှိသူများထံ တင်ပြပေး ရန်ပြောကြားသည်။  

သတင်းစဉ်