မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ သတင်းမီဒီယာအတွေ့အကြုံဖလှယ်ရေးတွေ့ဆုံဆွေးနွေး

ရန်ကုန်   မေ    ၉
မြန်မာနိုင်ငံ   အမျိုးသားလူ့အခွင့် ရေးကော်မရှင်မှ  သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပူးပေါင်း ဆောင်ရွက်ရေး      အတွေ့အကြုံ ဖလှယ်နိုင်ရန်အတွက်   ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီ တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  ရုံးတွင်ကျင်းပရာ    မြန်မာနိုင်ငံ    သတင်းမီဒီယာကောင်စီ   ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ    အမျိုးသားလူ့အခွင့်အရေး  ကော် မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊  ဒေါက်တာ       တင်မောင်သန်း၊   ဒေါက်တာမြင့်သူမြိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်အနေဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေး နှင့် ပညာပေးရေးဌာန၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်ရေး  ဌာနတို့မှ    ဆောင်ရွက်နေရသည့်  လူ့အခွင့်အရေးအသိပညာ   ဗဟု သုတမျှဝေခြင်းနှင့်  ကာကွယ်ပေး ခြင်းဆိုင်ရာများကို   ဆောင်ရွက် လျက်ရှိရာ  ထိုကဲ့သို့ တာဝန်ထမ်း ဆောင်ရာတွင်    သတင်းမီဒီယာ ကဏ္ဍနှင့်စပ်လျဉ်း၍   သိကောင်း စရာများကို   မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့်     ပူးပေါင်း ဆောင်ရွက်လိုသည့်ကိစ္စနှင့် မြန်မာ  နိုင်ငံ  သတင်းမီဒီယာကောင်စီမှ ဖွင့်လှစ်ပို့ချသည့် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင် ရေး    သင်တန်းများတွင်လည်း လူ့အခွင့်အရေးဆိုင်ရာ သိကောင်း စရာများ     အပြန်အလှန်     ပို့ချ ဆွေးနွေးနိုင်ရေး   ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
မြန်မာနိုင်ငံ   သတင်းမီဒီယာ ကောင်စီသည်   သတင်းမီဒီယာ ဥပဒေကျင့်ဝတ်နှင့်အညီ သတင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်