မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃) ဖွင့်ပွဲကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၃


မြန်မာနိုင်ငံ   သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်   နေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       အဖွဲ့ဝင် ဒေါက်တာဘရွှေ၊   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေး၊       ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်        ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊   ဆေး ဝန်ထမ်း   ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊  သွားနှင့်ခံတွင်း ဆေးပညာရပ်ဆိုင်ရာ   ပါမောက္ခ ချုပ်များနှင့်         ပါမောက္ခများ၊ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊    သွားနှင့်ခံတွင်း   ဆေးပညာ နယ်ပယ်မှ ပြည်တွင်းပြည်ပ ပညာ ရှင်များ၊    ဘွဲ့လွန်ကျောင်းသား  ကျောင်းသူများ   တက်ရောက်ကြ သည်။


စက်ခလုတ်နှိပ်ဖွင့်လှစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   ဒေါက်တာ ဘရွှေ၊    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ        သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး      ဗိုလ်ချုပ် ကိုကိုလွင်၊ မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာဆေးကောင်စီ         ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ  ပိုင်စိုးတို့က  ညီလာခံဖွင့်ပွဲ        အထိမ်းအမှတ် မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။


ထို့နောက်      အခမ်းအနား ဒုတိယပိုင်းကို Banquet Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် က အဖွင့်အမှာစကား ပြောကြား ရာတွင်        သွားဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေး နေသူများအချင်းချင်း  ချစ်ကြည် ရင်းနှီးမှုရရှိစေရန်၊   သွားဘက် ဆိုင်ရာဆေးပညာရပ်       အရည် အသွေး         မြင့်မားတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ခေတ် နှင့်အညီ   နိုင်ငံတကာအဆင့်မီ လေ့လာသင်ကြားနိုင်သည့် အခွင့် အလမ်းများရရှိစေရန်၊  စဉ်ဆက် မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊ အငြိမ်းစား   သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများက မျိုးဆက်သစ် များအား ပညာအမွေ လက်ဆင့် ကမ်းပေးနိုင်စေရန်၊   တပ်မတော် နှင့်   ကျန်းမာရေးဝန်ကြီးဌာနရှိ သွားဘက်ဆိုင်ရာ   ဆရာဝန်များ ပူးပေါင်းဆောင်ရွက်နေမှုများ ပိုမို ရင်းနှီး    အားကောင်းလာစေရန် စသည့်   ရည်ရွယ်ချက်များဖြင့် ယခုညီလာခံကို ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း။


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လူ့အသက်ထက် မည်သည့် အရာမှ      အရေးမကြီးကြောင်းနှင့်       လူ့အသက်ကိုသာ   အဓိကထား ကယ်တင်ရမည်ဟု   လမ်းညွှန်ခဲ့ သည့်အတိုင်း  ပြည်သူတစ်ရပ်လုံး ၏ ကျန်းမာရေးနှင့် ပတ်သက်လာ ပါက  နိုင်ငံတော်က  လိုအပ်ချက် များကို        အစွမ်းကုန်တိုးမြှင့် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် မွေးရာ ပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ များကို အခမဲ့ခွဲစိတ်ကုသပေးနေ ပြီး ခံတွင်းကင်ဆာရောဂါများကို လည်း အထူးကျွမ်းကျင်ပိုင်နိုင်စွာ ကုသပေးနေကြောင်း သိရှိရသည့် အတွက်     လူနာများကိုယ်စား အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဘက်မှလည်း  တန်ဖိုး အလွန်ကြီးမြင့်သည့်  ဓာတ်ရောင် ခြည်ဖြင့် ကုသမှုပေးသည့်စက်များ ကို တိုးမြှင့်တပ်ဆင်ပေးလျက်ရှိ ကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု   လုပ်ငန်းများကို တိုင်းရင်းသားများရှိရာ ဒေသများ သို့ သွားရောက်ဆောင်ရွက်ခဲ့ခြင်း များနှင့်ပတ်သက်၍    ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်       တိုက်တွန်းပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က  သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သွားနှင့်ခံတွင်းဆိုင်ရာ လူ့စွမ်းအား   အရင်းအမြစ်များ တိုးမြှင့်ခန့်အပ်  တာဝန်ပေးနိုင်ခဲ့မှု၊ ကိုယ်ဝန်ဆောင်မိခင်မှ    စတင်၍ ကလေးသူငယ်အရွယ်၊ ကျောင်းနေ အရွယ်၊ ပျိုရွယ်သူအရွယ် စသည့် အရွယ်ရောက်ပြီးချိန်မှ  စတင်၍ သက်ကြီးရွယ်အို   အရွယ်အထိ သွားနှင့်ခံတွင်း        ကျန်းမာရေး စောင့်ရှောက်မှုများ   ဆောင်ရွက် ပေးနေမှု၊   အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင်      အဓိက အခန်းကဏ္ဍမှ    ပါဝင်လာမည့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ စာရိတ္တနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေမည့် ပညာရေး စနစ်ကို         ဖော်ဆောင်ရာတွင် ကျန်းမာကြံ့ခိုင်သည့် ကျောင်းသူ ကျောင်းသားများ ဖြစ်လာစေရန် ငယ်ရွယ်နုနယ်စဉ်မှစ၍ ကျန်းမာ ရေးအသိပညာများ၊ အလေ့အကျင့် ကောင်းများ   ရရှိစေရန်အတွက် သွားနှင့်ခံတွင်း       ကျန်းမာရေး စောင့်ရှောက်မှုများ       ပါဝင်သည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက် နေမှု၊ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ရာ တွင်လိုအပ်သည့်   ဆေးနှင့်ဆေး ပစ္စည်းများ၊ ခေတ်မီစက်ကိရိယာ များကို  အလုံအလောက် ဝယ်ယူ ဖြည့်ဆည်းပေးနေမှုနှင့်  ကျန်းမာ ရေးဝန်ကြီးဌာနမှ     ကျန်းမာရေး       ဝန်ထမ်းများနှင့်   ကာကွယ်ရေး ဝန်ကြီးဌာန        ဆေးဝန်ထမ်း          ညွှန်ကြားရေးမှူး ရုံးလက်အောက် ရှိ  ဆေးဝန်ထမ်းများနှင့် ပူးပေါင်း ၍  ဝေးလံခက်ခဲဒေသများအထိ   ကုန်းကြောင်း၊ ရေကြောင်းများဖြင့်  အတူတကွ  ကွင်းဆင်းကုသပေး လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍        သွားဘက် ဆိုင်ရာဆေးကောင်စီ    ဥက္ကဋ္ဌ ပါမောက္ခ    ဒေါက်တာပိုင်စိုးက ညီလာခံနှင့်ပတ်သက်၍   လည်း ကောင်း၊ သွားနှင့် ခံတွင်းဆရာဝန် များ၏         ကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍         လည်းကောင်း ရှင်းလင်းတင်ပြပြီး ကျန်းမာရေး ဝန်ကြီးဌာန၏  ဆောင်ရွက်ချက် မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။ 


လှည့်လည်ကြည့်ရှု


ဖွင့်ပွဲ    အခမ်းအနားအပြီး တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊   ပြည်ထောင်စု ဝန်ကြီးများနှင့်  ဧည့်သည်တော် များသည်  မြန်မာနိုင်ငံ သွားဘက် ဆိုင်ရာ ဆေးပညာညီလာခံ(၂၀၂၃)တွင်   ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းများနှင့် ပြခန်း များကို   လှည့်လည်ကြည့်ရှုကြ သည်။


ယခုညီလာခံအကြို လှုပ်ရှားမှု များအနေဖြင့်         ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင်        နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို   အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ နေပြည်တော် သွားနှင့်ခံတွင်း  အထူးကုဆေးရုံ တွင် သက်ကြီးဘိုးဘွားများအား သွားတုအံကပ် အခမဲ့တပ်ဆင်ပေး ခြင်းနှင့်    နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ကိုရီးယားသမ္မတနိုင်ငံမှ  ခွဲစိတ် ဆရာဝန်ကြီးများနှင့်  ပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို   အခမဲ့ခွဲစိတ်ကုသ ပေးခဲ့သည်။ 


ထို့ပြင် ညီလာခံကျင်းပသည့် ကာလအတွင်းတွင်  ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ  ကုသရေး ဦးစီးဌာနနှင့်       ကိုရီးယားသမ္မတ နိုင်ငံမှ   Korea   University Medicine တို့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍      လည်းကောင်း၊ ကျန်းမာရေး   လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအောက်ရှိ  သွား ဘက်ဆိုင်ရာ      ဆေးတက္ကသိုလ် (ရန်ကုန်)၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)တို့နှင့် ထိုင်း နိုင်ငံရှိ Khon Kaen University တို့သည်လည်း သွားဘက်ဆိုင်ရာ ဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်၍လည်းကောင်း နားလည်မှု  စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးကြမည်   ဖြစ် သည်။


မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို  “အရည် အသွေးပြည့်..သွားကျန်းမာရေး ပြည်သူ့ထံသို့ ဆောင်ကြဉ်းပေး” ဆောင်ပုဒ်ဖြင့်       ကျန်းမာရေး ဝန်ကြီးဌာနက ကြီးမှူး၍ နိုဝင်ဘာ ၃ရက်မှ ၄ရက်အထိ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး  အဆိုပါ   ညီလာခံသို့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့်   မလေးရှားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ငါးနိုင်ငံမှ သွားဘက်ဆိုင်ရာ  ဆေးပညာရှင် များနှင့် ပြည်တွင်းမှ သွားဘက် ဆိုင်ရာ          ဆေးပညာရှင်များက အဆင့်မြင့်        အရည်အသွေးမီ ကုသမှု        နည်းစနစ်များကို ဟောပြော   ပို့ချကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာစာတမ်း (ပိုစတာ) ၃၂စောင်နှင့်  စာတမ်းဖတ်ပွဲ  ၃၀ ပါဝင်ကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင်           ညီလာခံ ပညာရပ်ဆိုင်ရာ        ဆွေးနွေးပွဲ (Academic Session)များ၏ ဖွင့်ပွဲ အခမ်းအနားကို         ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ပါမောက္ခ  ဒေါက်တာ အေးထွန်း    တက်ရောက်အဖွင့် အမှာ စကားပြောကြားသည်။ 


ယင်းနောက် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို    ဆက်လက် ဆောင်ရွက်ပြီး   စာတမ်းရှင်များ ကို   ဒုတိယဝန်ကြီးနှင့်   သက်ဆိုင် ရာ    ညွှန်ကြားရေးမှူးချုပ်များ က          ဂုဏ်ပြုမှတ်တမ်းလွှာများ   ပြန်လည်       ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။


သတင်းစဉ်