မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်

 

နေပြည်တော်   မတ်   ၇


မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ် ဆိုင်ရာ  နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌   အရည် အသွေးပြည့်ဝစွာ ဆောင်ရွက်ပေး နိုင်ရေးအတွက်      ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ    နယ်ပယ် အသီးသီးတွင် တာဝန်ထမ်းဆောင် နေသော     ဆေးပညာရှင်များ၊ အငြိမ်းစား    ဆေးပညာရှင်များ၊ သူနာပြုများနှင့် အခြားဆေးဘက် ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ ပြင်ပဆေးပညာရှင်များ ပါဝင်ကာ မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်    နေပြည်တော် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ နှီးနှောဖလှယ်ပွဲ၏ အကြိုလှုပ်ရှား မှုအစီအစဉ်အဖြစ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား အခမဲ့ခွဲစိတ်ကုသမှုကို မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် နေပြည် တော် ပြည်သူ့ဆေးရုံကြီး(ခုတင် -၁၀၀၀)၌ ဆောင်ရွက်သည်။

 


အဆိုပါ    ခွဲစိတ်ကုသမှုတွင် နေပြည်တော်နှင့်  အနီးတစ်ဝိုက်ရှိ နှုတ်ခမ်းကွဲ၊   အာခေါင်ကွဲလူနာ  ၂၂ ဦးအား အခမဲ့ခွဲစိတ်ကုသပေး ခဲ့ပြီး    ခွဲစိတ်ကုသမှုကို   ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊   မျက်နှာနှင့် မေးရိုး       ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဒေါက်တာလှမျိုးနိုင် နှင့် မေ့ဆေးပညာဌာနမှ     ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်သော အဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး(ခုတင်-၁၀၀၀)မှ မေ့ဆေး အထူးကုဆရာဝန်ကြီး   ပါမောက္ခ ဒေါက်တာနုနုမေ ဦးဆောင်သော အဖွဲ့တို့နှင့်အတူ      ဂျပန်နိုင်ငံ Japan Heart   အဖွဲ့မှ   မျက်နှာ နှင့်      မေးရိုးအထူးကုဆရာဝန် Dr Naoko KISHI တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့်    ခွဲစိတ်ကုသမှု   ခံယူသော ကလေးများအားလုံးသည် ကျန်းမာ ရေးအခြေအနေ ကောင်းမွန်သဖြင့် မတ် ၆ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရရှိပြီးဖြစ်သည်။

 


အလားတူ       မြန်မာနိုင်ငံ ကျန်းမာရေး    ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)၏ အကြို လှုပ်ရှားမှု အစီအစဉ်အဖြစ် မွေးရာ ပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ များအား    အခမဲ့ခွဲစိတ်ကုသမှု ကို  ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၃ ရက် အတွင်း    လူနာ  ၃၂ ဦးကို     အခမဲ့    ခွဲစိတ်ကုသမှု    ဆောင်ရွက်ပေး ခဲ့ကာ         ပြည်သူ့ဆေးရုံကြီး    မော်လမြိုင်မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အတွင်း   လူနာ   ၃၀  အား   အခမဲ့ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်