မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မျက်စိအခမဲ့စမ်းသပ်စစ်ဆေးကုသ

 

နေပြည်တော်  မတ်   ၉


မတ်လ  ၁၁ ရက်နှင့်  ၁၂ ရက်  တို့တွင်  နေပြည်တော်၌   ကျင်းပ မည့်   မြန်မာနိုင်ငံ  ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ  (၂၀၂၃)   ၏    အကြိုလှုပ်ရှားမှု အစီအစဉ်အဖြစ်  မတ်  ၇ ရက်တွင်  ထားဝယ်မြို့  ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ မျက်စိ  အထူးကု ဆရာဝန်ကြီးနှင့်    သူနာပြုများ၊  ကျွမ်းကျင်ဝန်ထမ်းများ   ပါဝင် သောအဖွဲ့က  ရတနာမာန်အောင် သီလရှင်စာသင်တိုက်၌  အခြေပြု ၍   လည်းကောင်း၊   မုံရွာမြို့တွင် ပြည်သူ့ဆေးရုံကြီး     မုံရွာမြို့၌ လည်းကောင်း     မျက်စိအခမဲ့ စမ်းသပ်  စစ်ဆေးကုသမှုများကို  ဆောင်ရွက်ပေးခဲ့ပြီး  မျက်စဉ်းနှင့် ဆေးဝါးများ၊   မျက်မှန်လိုအပ်သူ များအတွက်  မျက်မှန်များ အခမဲ့ ထောက်ပံ့ပေးသည်။

 


အလားတူ      နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေး ဦးစီးဌာနအောက်ရှိ  ကျန်းမာရေး ဝန်ထမ်းများက    ပြည်ထောင်စု နယ်မြေ  နေပြည်တော်  မြို့နယ် ရှစ်မြို့နယ်ရှိ အခြေခံပညာကျောင်း  ရှစ်ကျောင်း၌      ကျောင်းသား ကျောင်းသူများကို  အခမဲ့မျက်စိ ရောဂါ  စမ်းသပ်စစ်ဆေးကုသမှု  များကို ဖေဖော်ဝါရီ  ၆ ရက်မှ  ၂၄ ရက်အတွင်း      ဆောင်ရွက်ခဲ့ရာ စုစုပေါင်း  ၁၆၆၀ ကို   စမ်းသပ် စစ်ဆေးကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ပြီး  လိုအပ်သူများအတွက် မျက်မှန်များ    ထောက်ပံ့ပေးခဲ့ သည်။

 


ကျန်းမာရေး  ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့်  မကြာမီ ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာ ရေးပညာရပ်ဆိုင်ရာ      နှီးနှော ဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှု များအဖြစ် မျက်စိအခမဲ့စမ်းသပ် စစ်ဆေးမှုများ       ကွင်းဆင်း ဆောင်ရွက်ခြင်းကို    ဖေဖော်ဝါရီလ နှင့်  မတ်လအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ Satellite Act-ivity အဖြစ်    ဆောင်ရွက်လျက်ရှိရာ  ရန်ကုန်မြို့တွင်    မျက်စိရောဂါ အထူးကု ဆေးရုံကြီး - ရန်ကုန်မြို့ နှင့်          ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့က  တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်များသို့   ကွင်းဆင်း ၍  လည်းကောင်း၊  မန္တလေးတွင် ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်း မြို့နယ်     ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က     ရမည်းသင်း၊  နည်းပညာ  တက္ကသိုလ်သို့လည်း ကောင်း၊ ဘားအံမြို့၊  စစ်ကိုင်းမြို့၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီး  များ၌လည်းကောင်း  ဆောင်ရွက် ပြီးဖြစ်ပြီး     လူဦးရေစုစုပေါင်း  ၃၁၃၃ ဦးကို  မျက်စိကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း   သိရ သည်။  

                 

သတင်းစဉ်