မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၂၀၂၃ အကြိုအထိမ်းအမှတ် မျက်စိအတွင်းတိမ်လူနာ ၇၅ ဦးအား အခမဲ့ခွဲစိတ်ကုသမှုဖြင့် အမှောင်ခွင်း၍ အလင်းဆောင်ပေးခဲ့

 

ရန်ကုန်  ဖေဖော်ဝါရီ   ၂၈


မြန်မာနိုင်ငံကျန်းမာရေး ပညာရပ် ဆိုင်ရာ    နှီးနှောဖလှယ်ပွဲ   ၂၀၂၃ အကြို  (Myanmar     Health  Sciences    Conference-  2023) အထိမ်းအမှတ်အဖြစ်     မျက်စိ ရောဂါဌာန   ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့်         မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတို့   ပူးပေါင်း ဆောင်ရွက်မှုဖြင့်   မျက်စိအတွင်း တိမ်လူနာ ၇၅  ဦးအား အခမဲ့ခွဲစိတ် ဝန်ဆောင်မှု      ပေးနိုင်ခဲ့ကြောင်း သိရသည်။

 


ကျန်းမာရေးဝန်ကြီးဌာန ကုသ ရေးဦးစီးဌာန၏        ပံ့ပိုးမှုဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီး၌   မျက်စိရောဂါဌာန ဆေး တက္ကသိုလ်(၂)ပါဆရာဝန်များနှင့် ပါရဂူများက ဖေဖော်ဝါရီ ၂၃ ရက် တွင် လူနာ  ၄၀  နှင့်  ဖေဖော်ဝါရီ ၂၇ ရက်တွင်  လူနာ   ၃၅    ဦး စုစုပေါင်း မျက်စိဝေဒနာရှင် ၇၅ ဦးကို အခမဲ့ခွဲစိတ်အောင်မြင်မှုဖြင့် အမှောင်ခွင်း၍          အလင်းဆောင်  ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 


အဆိုပါ အခမဲ့ခွဲစိတ်ကုသမှု တွင်         မျက်စိအတွင်းတိမ်ကို ဖယ်ရှား၍    မျက်တွင်းမှန်ဘီလူး        ( Intraocular lens-IOL)  အပါ အဝင်    မခွဲစိတ်မီပိုးသတ်ဆေး မျက်စဉ်းနှင့်   ခွဲစိတ်ပြီး  အရောင် ကျဆေးမျက်စဉ်း၊ အကာအကွယ် အတွက်      နေကာမျက်မှန်များ ပံ့ပိုးပေးခဲ့သည်။  ခွဲစိတ်ပြီးသော လူနာများအား  နောက်တစ်ရက်၊ နောက်တစ်ပတ်နှင့် တစ်လအကြာ တွင် မျက်စိစမ်းသပ်မှုတို့ကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း   သိရ သည်။ 


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး