မြန်မာနိုင်ငံ စာရင်းကောင်စီအစည်းအဝေးကျင်းပ

 

ရန်ကုန်    ဖေဖော်ဝါရီ    ၁၈


မြန်မာနိုင်ငံ စာရင်းကောင်စီအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့   နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်း  ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 


အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီ  ဥက္ကဋ္ဌ    ပြည်ထောင်စုစာရင်းစစ်ချုပ်   ဦးတင်ဦးက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကဏ္ဍပေါင်းစုံ မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  စာရင်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း  ကဏ္ဍတစ်ရပ်အနေ ဖြင့် ပါဝင်ပါ ကြောင်း၊  မြန်မာနိုင်ငံစာရင်းကောင်စီသည်  နိုင်ငံ၏စီးပွားရေးကဏ္ဍ  ဖွံ့ဖြိုးမှုအတွက် အထောက် အကူပြုသည့်  Regulatory  Body   တစ်ရပ်အဖြစ် ရပ်တည်လျက် နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ရပ် လုံး၏     စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။  

 


ထိုသို့     ဆောင်ရွက်ရာတွင်   အဓိကကျသည့်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စာရင်းပညာရှင်နှင့်       စာရင်းကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်     မွေးထုတ်ရေး၊    ပြည်ပစာရင်း ပညာရှင်များနှင့်    ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေး၊  စာရင်းဆောင်ရွက်မှုနယ်ပယ်တွင်    ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏အခန်းကဏ္ဍ မှ  ပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်   လိုအပ်ပါကြောင်း၊   စာရင်းပညာရှင်များ အနေဖြင့်လည်း    လုပ်ငန်းများဆောင်ရွက်ရာတွင် သတိသမ္ပဇဉ် ထားရှိဆောင်ရွက်ခြင်း၊  စောင့်ထိန်းရ မည့်   ကျင့်ဝတ်သိက္ခာများကို   တိကျစွာလိုက်နာ ခြင်းတို့ဖြင့် အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်တွင် ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက်    ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြား သည်။

 


ယင်းနောက်  ကောင်စီအဖွဲ့ဝင်များက   ယခင် အစည်းအဝေး   ဆုံးဖြတ်ချက်များအရ   ဆောင်ရွက် ပြီးစီးမှု၊  ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများနှင့်  ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းတို့နှင့်စပ်လျဉ်း ၍    အစီအစဉ်အတိုင်း   ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က  နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့  ဒုတိယဥက္ကဋ္ဌများ၊  ကောင်စီ အဖွဲ့ဝင်  ၁၃  ဦးနှင့်  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကောင်စီအဖွဲ့ဝင် ရှစ်ဦးက Virtual စနစ်ဖြင့် Online မှ တက်ရောက် ခဲ့ကြသည်။

 


ဆက်လက်၍ မွန်းလွဲ ၁  နာရီခွဲ တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်သည်   မြန်မာနိုင်ငံ   စာရင်းကောင်စီ အလုပ်အမှုဆောင်   အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်