မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော သီလရှင်ကလေးများ ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   မတ်   ၃


မြန်မာနိုင်ငံ  အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်နှင့် ဒေါက်တာ  မြင့်သူမြိုင်တို့ ဦးဆောင်သောအဖွဲ့သည်    ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး      မရမ်းကုန်း မြို့နယ်အတွင်းရှိ      သက်ကြီးရွယ်အို များ   နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ   နှင့်    မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ    လူမှုဝန်ထမ်းဦးစီးဌာနမှ  အသိအမှတ်ပြု ထားသော သီလရှင်ကလေးများ  ဘိုးဘွား ရိပ်သာတို့ကို   သွားရောက်၍   ကြည့်ရှု စစ်ဆေးသည်။

 


အဆိုပါအဖွဲ့သည်   သက်ကြီးရွယ်အို များ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ထားသော သီလရှင်ကလေးများ ဘိုးဘွား ရိပ်သာတို့၌   လက်ခံစောင့်ရှောက်ပေး လျက်ရှိသော  ဘိုးဘွားများကို  ကျန်းမာ ရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေး မှု၊   သန့်ရှင်းသော  သောက်သုံးရေရရှိ အောင် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှု      စသည့် အခြေခံလူ့အခွင့်အရေးများ   ရရှိခြင်း    ရှိ၊ မရှိနှင့်      ဘိုးဘွားအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

 


ယင်းအဖွဲ့၏    သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် လူမှု ဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထား သော  သီလရှင်ကလေးများ ဘိုးဘွားရိပ်သာ ကြည့်ရှုစစ်ဆေးစဉ်အတွင်း   စစ်ဆေး တွေ့ရှိချက်နှင့်     အကြံပြုချက်များကို လိုအပ်သလို      ဆောင်ရွက်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသဉ်။     
     

သတင်းစဉ်