မြန်မာငွေငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်ငွေစက္ကူများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

 

နေပြည်တော် စက်တင်ဘာ ၃၀


လတ်တလော    လူမှုကွန်ရက် စာမျက်နှာများတွင်  မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့်   တစ်ရာ ကျပ်တန်ငွေစက္ကူများကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ လာရောက် အပ်နှံကြရန်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အမည်ဖြင့် အမိန့်စာတစ်စောင်ထုတ်ပြန်ထားကြောင်း ပျံ့နှံ့လျက်ရှိရာ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ် တန်ငွေစက္ကူများနှင့် ပတ်သက်၍    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင်  ဗိုလ်ချုပ်  ဇော်မင်းထွန်း က   ယခုလို   ပြန်လည်ပြောကြား ပါသည်။


ကျွန်တော်တို့လည်း ဒီစာကို တွေ့ရတယ်။ နံပါတ် ၁ အချက် ပြောလိုတာက    ဒီစာများသည် မမှန်ပါဘူး။ အတုများဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့   ပတ်သက်ပြီးတော့ ခဏခဏ ကောလာဟလထွက်ဖူးပါ တယ်။ ဘယ်ငွေစက္ကူကို ဖျက်သိမ်း လိုက်ပြီတို့၊ ဘယ်လိုမျိုးလုပ်လိုက် ပြီတို့ ဒါအချိန်ကိုက် လုပ်ဆောင် တာပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေထဲမှာ     ပြဋ္ဌာန်း ပြီးသား၊   ကျွန်တော်တို့လည်း ပြောပြီးသားဖြစ်တယ်။ ကျွန်တော် တို့သည်     နိုင်ငံတော်တာဝန်ကို ရယူထားတာ၊ တပ်မတော်က နိုင်ငံ တော်တာဝန်ကို     ရယူထားတာ သည် အခြေခံဥပဒေအရ ရယူထား တာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ခုနှစ်ကို တပ်မတော် အနေနဲ့  အမြဲတမ်းလေးစားလိုက်နာ သွားမှာဖြစ်တယ်။       ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၃၆    တွင်     အတိအလင်းပါပြီး ဖြစ်တယ်။ ပုဒ်မ ၃၆ (ဃ) နဲ့  (င)မှာပါပြီးဖြစ်တယ်။ ပုဒ်မ ၃၆ (င) မှာ  တရားဝင်ထုတ်ဝေထားသော ငွေကြေးကို  တရားမဝင်ငွေကြေး အဖြစ်    သတ်မှတ်ခြင်းမပြုလို့ အတိအလင်းပြဋ္ဌာန်းပြီးဖြစ်တယ်။ (ဃ) မှာလည်း စီးပွားရေးဆိုင်ရာ နိုင်ငံပိုင်လုပ်ငန်းများကို  နိုင်ငံပိုင် အဖြစ် သိမ်းယူခြင်းမပြုလို့ အတိ အလင်းပြဋ္ဌာန်းထားပြီး ဖြစ်တယ်။ ဒီအခြေခံဥပဒေအတိုင်း ကျွန်တော် တို့က    လိုက်နာသွားမှာ  ဖြစ် တယ်။


ကျွန်တော်တို့သည်      အခြေခံ ဥပဒေနဲ့အညီ   နိုင်ငံတော်တာဝန် ရယူထားတာဖြစ်တယ်။  အခြေခံဥပဒေကိုအမြဲတမ်းလိုက်နာသွားမှာဖြစ်တယ်ဆိုတာကို ပထမဦးဆုံး အသိပေးလိုပါတယ်။    နောက် တစ်ချက်က   ဘာကြောင့်ဒီလိုမျိုး ကောလာဟလတွေဖြစ်လဲ။ ဒါတော့ ရှင်းရှင်းလေးပါ။ ဒီမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့     ပတ်သက်ပြီးရင် စီးပွားရေးအရ   ထိုးနှက်ချက်တွေ ရှိတယ်။ ဒေါ်လာငွေဈေး၊ ရွှေဈေး တွေနဲ့ပတ်သက်ပြီးတော့ ဖြစ်သင့် တဲ့ဈေးနှုန်းထက်      မြင့်အောင် လုပ်နေကြတာရှိတယ်။    ဒါနဲ့ ပတ်သက်ပြီးတော့  အစိုးရအနေ နဲ့     အရေးယူဆောင်ရွက်မှုတွေ ရှိတယ်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့က   ပြည်သူ လူထုရဲ့စားဝတ်နေရေး၊ ပြည်သူ လူထုရဲ့   သက်သာချောင်ချိရေး၊ ပြည်သူလူထုရဲ့    အခြေခံလိုအပ် ချက်တွေ  ဖြည့်ဆည်းရေး အမြဲ တမ်းဆောင်ရွက်တာ၊ အမျိုးသား ရေးရည်မှန်းချက်အနေနဲ့ ထားရှိ ပြီးတော့ ဒါကိုဆောင်ရွက်လျက် ရှိတယ်။ တိုင်းပြည်သာယာဝဖြိုး ရေးနှင့်     စားရေရိက္ခာဖူလုံရေး ဒီအတွက် ဆောင်ရွက်တဲ့နေရာမှာ သင့်တင့်တဲ့ကုန်ဈေးနှုန်း၊ ဖြစ်သင့် တဲ့  ကုန်ဈေးနှုန်းတွေဖြစ်အောင် ကျွန်တော်တို့  ဆောင်ရွက်လျက် ရှိတယ်။  အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တချို့သော အရေးယူ        ဆောင်ရွက်ရ မှုတွေ ရှိတယ်။ အရေးယူဆောင်ရွက်ပြီး တဲ့နောက်ပိုင်းမှာ အားလုံးမြင်တဲ့ အတိုင်းပဲ ဒေါ်လာဈေး၊ ရွှေဈေး၊ ပြီးရင်   အခြေခံစားကုန်ဈေးတွေ ကျဆင်းလာတယ်။   ဒီအပေါ်မှာ မကျေနပ်တဲ့သူတွေလည်းရှိတယ်။ ဒီမကျေနပ်တဲ့လူတွေက  စီးပွား ရေးအရ   ထိုးနှက်ဖို့၊   နိုင်ငံရေး အရ   ထိုးနှက်ဖို့ကို   အချိန်ကိုက် လုပ်ဆောင်တာပဲ    ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာက    ငါးဆယ်တန်၊ တစ်ရာတန်        ဒီငွေကြေးတွေ နဲ့ ပတ်သက်ပြီး     နိုင်ငံတော် အနေနဲ့    ဖျက်သိမ်းဖို့    မရှိပါဘူး။    အခြေခံ ဥပဒေပုဒ်မ ၃၆ မှာပါတဲ့ နိုင်ငံတော်ရဲ့       တရားဝင် ငွေကြေးတွေကို    တရားမဝင် အဖြစ်    သတ်မှတ်ခြင်းမပြုဟု ဆိုတဲ့အတိုင်း ဆောင်ရွက်လျက် ရှိတယ်။   ကောလာဟလတွေပဲ ဖြစ်ပါတယ်။ 


မိဘပြည်သူများ    အနေနဲ့ အားလုံး ဒီကောလာဟလသတင်း တွေနဲ့ ပတ်သက်ပြီး မယုံကြည် ကြဖို့   ပြီးရင်   နိုင်ငံတော်အနေနဲ့   ပြည်သူလူထုနဲ့     သက်ဆိုင်တဲ့ မည်သည့်     လုပ်ငန်းကိုပဲလုပ် သည်ဖြစ်စေ   ပြည်သူလူထုကို ကြိုတင်အသိပေးပြီးမှ    ကျွန်တော် တို့ ဆောင်ရွက်မှာ      ဖြစ်ပါတယ်။ အခြေခံဥပဒေအတိုင်း    လိုက်နာ လျက်ရှိပါတယ် ဆိုတာကို ပြောချင် ပါတယ်။